လာလည်သူအားလုံး မင်္ဂလာပါ လာလည်သူအားလုံး မင်္ဂလာပါ လာလည်သူအားလုံး မင်္ဂလာပါ

Wednesday, June 4, 2008

မုန်တိုင်းဘေး ကယ်ဆယ်ရေး စစ်အစိုးရ ကိုင်တွယ်ပုံဟာ လူမျိုးတုံး သတ်ဖြတ်မှုထက်ပိုဆိုး

ဇွန် ၃ ၂၀၀၈
နိုင်ငံတကာ အကူအညီတွေအပေါ် ကန့်သတ်မှုတွေ မြန်မာစစ်အစိုးရက မရုတ်မသိမ်းမချင်း မြန်မာနိုင်ငံ မုန်တိုင်း ဒဏ်သင့်ဒေသတွေမှာ လူတွေဟာ ဆက်ပြီး သေကြေ ပျက်စီးကြလိမ့်မယ်လို့ စင်္ကာပူ အဆင့်မြင့် လုံခြုံရေး ညီလာခံက ပြန်လာတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးရဲ့ ပျံသန်းနေတဲ့ စစ်လေယာဉ်ပေါ်က သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ရောဘတ်ဂိတ်စ်က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ အစုလိုက် အပြုံလိုက် မျိုးနွယ်တုံး သတ်ဖြတ်တဲ့ အမှုကြီးမျိုးအတွက် အပြစ်ရှိပါသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ မျိုးနွယ်တုံး သတ်ဖြတ်မှုထက် ပိုတဲ့ လူတွေ သေချင်သလောက်သေပါစေလို့ ပိုင်းဖြတ်လုပ်ဆောင်နေတဲ့ ရာဇ၀တ်မှုကြီးနဲ့ ဆင်ဆင်တူတယ်လို့ ကျွန်တော်က ပိုပြီး ထင်တယ်လို့ ၀န်ကြီး ဂိတ်စ်က ပြန်ဖြေခဲ့ပါတယ်။ ရဟတ်ယာဉ်တွေနဲ့သာ သွားရောက်ကူညီနိုင်တဲ့ ဒေသကို သွားရောက်ခွင့် မရတဲ့အတွက် မြန်မာ့ရေပြင်အနီးမှာ အသင့်စောင့်နေတဲ့ အမေရိကန် စစ်သင်္ဘောကြီး USS Essex အပါအ၀င် စစ်သင်္ဘော သုံးစင်းကို လှည့်ပြန်ဖို့ မကြာခင်မှာ သူ့အနေနဲ့ ဆုံးဖြတ်ရလိမ့်မယ်လို့လည်း ၀န်ကြီး ဂိတ်စ်က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ လက်နက်ကိုင်တပ်များရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်းပြောဆိုတဲ့ အခါမှာတော့ စစ်သဘောင်္တွေ လှည့်ပြန် ရတော့မယ်လို့ ဆုံးဖြတ်ပြီးရင်တောင်မှ သင်္ဘောတွေဟာ မြန်မာ့ ရေပြင်အနီးကနေ ခပ်ဖြေးဖြေးပဲ ပြန်ပြီးထွက်ခွာမယ်၊ မြန်မာစစ်အစိုးရမှာ မမျှော်လင့်ဘဲ စိတ်ထားနှလုံးသားတွေ ပြောင်းလဲသွားခဲ့ရင် အမြန်ဆုံး မြန်မာ့ ရေပြင်ထဲ ပြန်လည်ဝင်ရောက်နိုင်အောင်ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။
VOA News

No comments: