ရွက်ဝါတို့ကြွေ
လေအနှောက်
နွေပေါက်လို့ လာပြန်ပေါ့ ။
ရွက်ကြွေကျသံ
ငှက်တွေကညံ
မြိုင်ယံ လူသံတိတ်ပေမယ့်
မဆိတ်အောင်ညံ့ ။
ကွင်းတလျှောက်
ထင်းကောက်တဲ့ အသံ
တဘက်ခင်း
သရက်ကင်း ကောက်တဲ့ အသံ
သုတ်လေအနှောမှာ
အုတ် ရွှေ သြက တွန်လိုက်ပြန်
နွားခလောက်သံ နွားငေါက်သံ
ရိုးပြတ်တောက ဟောဟောညံ
အဲဒီအသံတွေ
အဆိုတော်ကြီး မေလှမြိုင် ဆိုမသွားရတဲ့
နွေဦးတေးသံတွေ့  ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment