ဘုရားအလောင်းတော်၏ကျေးဇူးတော်
- သုမေဓာရသေ့ဘ၀မှာ မိမိအတွက်ဆို နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သော်လည်း သတ္တ၀ါအားလုံး၏ အကျိုး အတွက် ကြည့်ရှုခဲ့သော ကျေးဇူးတော်
- ဘုရားအလောင်းတော်ဘ၀တွင် ပါရမီ (၃၀) ကို ဘ၀ပေါင်းအနန္တ အသက်သွေးပေါင်းအနန္တတို့ဖြင့် ဖြည့်စွမ်းပေးခဲ့သော ကျေးဇူးတော်
- နောက်ဆုံးလူ့ဘ၀တွင် လောကီချမ်းသာတို့၏ ထိပ်ခေါင်မင်းစည်းစိမ် ချမ်းသာအားလုံးကို စွန့်လွှတ်ပြီး သတ္တ၀ါအားလုံးအကျိုးအတွက် ရည်ရွယ်ပြီးဆောင်ရွက်ခဲ့သော ကျေးဇူးတော်တို့သည် တုနှိုင်း၍ မရအောင် ကျေးဇူးကြီးမားလှပေသည်။
ဘုရားရှင်၏ကျေးဇူးတော်
- ဘုရားဖြစ်ပြီးသည့်နောက် သတ္တ၀ါအားလုံးတို့အား ဒုက္ခသံသရာမှ လွတ်မြောက်ပြီး ချမ်းသာအစစ်နိဗ္ဗာန် သို့မျက်မှောက်ပြုနိုင်ရေးအတွက် တရားဟော လမ်းညွှန်ပြသပေးခြင်း
- (၄၅) ၀ါ (နှစ်) ပတ်လုံး တစ်နေ့တွင် တစ်နာရီမျှခန့်သာ ကျိန်း (အိပ်) တော်မူ၏။ အချိန်ရှိသလောက် သတ္တ၀ါ အားလုံးတို့အား တရားတော်များ ဟောပြော ပြသချီးမြှင့်တော်မူခဲ့ခြင်း။
- သာသနာတော်ကို ထူထောင်ခဲ့သည့်အပြင် အနာဂတ်ကာလသာသနာတော်ပြန့်ပွားရေးအတွက် များလှ စွာသော ဓမ္မဒူတခရီးစဉ်များ စေလွှတ်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူးတော်များသည် သတ္တ၀ါအားလုံး အတွက် လောကီ လောကုတ်နှစ်ဖြာသောအကျိုးကို ပေါ်ပေါက်စေခဲ့သည်မှာ ဆပ်၍မကုန်နိုင်သော ကျေးဇူးတော်များ ဖြစ်ပေသည်။
အမြင့်မြတ်ဆုံးသောကျေးဇူး (ဂုဏ်တော်)
- အနန္တစကြာဝဠာ သတ္တ၀ါအားလုံးတို့အား အမှန်ကိုသိမြင်စေရန်နှင့် ဉာဏ်အလင်းကို ထင်ရှားစွာ ရရှိကြ ရန် ပြသလမ်းညွှန်ပေးပြီး အကြီးမားဆုံးသော မေတ္တာနှင့် ကရုဏာထားတော်မူခဲ့သော ဘုရားရှင်၏ ကျေးဇူးတော်သည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။
- မှန်စွာသိမြင် နားလည်သဘောပေါက်လာကြသော ပုဂ္ဂိုလ်မှန်သမျှတို့သည် ဘုရားရှင်၏ အဆုံးအမ များအား မပျက်စီး/မပျောက်ပျက်စေရန်ဝိုင်းဝန်း စောင့်ရှောက်ထိန်းသိမ်းကြရန် အထူးလုပ်ဆောင်လေ တော့မည်။
သင်္ဂါယနာတင်ကြခြင်း
- ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။
သာသနာ့အမွေဆက်ခံခဲ့ခြင်း
- ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု(၃)ထု ပူးပေါင်း ကာ သင်္ဂါယနာ (၆)ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေ အောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသဘည်။
ပထမအကြိမ် သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ - သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်ဖောက် ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။
(၂) သာသနာနှစ် -ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်
၃) နေရာ - ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
(၄) ခေါင်းဆောင် - အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)
(၅) သံဃာဦးရေ - ရဟန္တာပေါင်း (၅၀၀)
(၆) မင်း - အဇာတသတ်မင်း
(၇) ကြာမြင့်ချိန် - (၇) လ
- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ၀ိနည်း တော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာ ကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။
- ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၎င်းင်းကို ထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု(၃)စု ရရှိပြီး ပိဋကတ်(၃)ပုံဟု ခေါ်တွင်သည်။
- ၎င်းပိဋကတ် (၃)ပုံမှာ ၀ိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
- အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော် များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမား ပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။
- ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်(၃)ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
- ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ - သာသနာနှစ် (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်၏တပည့်များ)မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု(အရက်ခပ် ပျော့ပျော့)ကို သောက်ရန်၎င်းင်း၊ ရွှေငွေများကို သာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်း လာသည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။
(၂) သာသနာနှစ် - (၁၀၀)နှစ်
(၃) နေရာ - ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် - အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ - ရဟန္တာပေါင်း (၇၀၀)
(၆) မင်း - ကာလာသောကမင်း
(၇) ကြာမြင့်ချိန် - (၈) လ
- ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (၈)လ ကြာမြင့် ခဲ့သည်။ ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု(၃)ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)ကျော်အား နှင်ထုတ်ခဲ့ရသည်။
- ၎င်းးရဟန်းပျက် (၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀)ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။
- သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု(၃)ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
တတိယအကြိမ်သင်္ဂါနာတင်ခြင်း
(၁) အကြောင်းခံ - သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု (၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင် ဆောင်ပြီး ၀င်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ ရသည်။
(၂) သာသနာနှစ် - (၂၃၅) နှစ်
(၃) နေရာ - ပါဋလိပုတ်ပြည် အသောကာရုံကျောင်း
(၄) ခေါင်းဆောင် - အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်
(၅) သံဃာဦးရေ - ရဟန္တာပေါင်း (၁၀၀၀)
(၆) မင်း - သီရိဓမ္မာသောကမင်း
(၇) ကြာမြင့်ချိန် - (၉) လ
- ရဟန်းအတု (၆၀၀၀၀) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ၀ိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။
- အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန္တာ (၁၀၀၀) ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ တင်ခဲ့ရာ အချိန် (၉) လ ကြာမြင့်ခဲ့သည်။
- အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။
- သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ (၅) ပုံ (၄) ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။
- မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိသာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် (၂) ပါး ဦးဆောင်သော ရဟန္တာ (၅) ပါးအဖွဲ့၏ သထုံဖက်မှ ၀င်ရောက် သာသနာ ပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း
(၁) အကြောင်းခံ - သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။
(၂) သာသနာနှစ် - (၄၅၀) နှစ်
(၃) နေရာ - သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
(၄) ခေါင်းဆောင် - အရှင်မဟာဓမ္မရက္ခိတမထေရ်
(၅) သံဃာဦးရေ - ရဟန္တာပေါင်း (၅၀၀)
(၆) မင်း - ၀ဋ္ဋဂါမဏိမင်း
(၇) ကြာမြင့်ချိန် - တစ်နှစ်
- သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။
- အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။
- သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ၀ဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု (၃) ထု ပူးပေါင်းဆောင်ရွက်ကြသည်။
- ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။
ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ - သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့် ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင် မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။
(၂) သာသနာနှစ် - (၂၄၁၅) နှစ်
(၃) နေရာ - မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်
(၄) ခေါင်းဆောင် - အရှင်ဇာဂရမထေရ်
(၅) သံဃာဦးရေ - ရိုးရိုးရဟန်းပေါင်း (၂၄၀၀)
(၆) မင်း - မင်းတုန်းမင်း
(၇) ကြာမြင့်ချိန် - နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်။ ကျောက်ထက်တင် (၇) နှစ် (၆) လ (၁၄) ရက်
- သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။
- နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅) လနှင့် (၃) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ် (၆) လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ - သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီး နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
(၂) သာသနာနှစ် - (၂၄၉၈) နှစ်
(၃) နေရာ - မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
(၄) ခေါင်းဆောင် - ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ
(၅) သံဃာဦးရေ - ရိုးရိုးရဟန်းပေါင်း (၂၅၀၀)
(၆) မင်း - ဖဆပလ ဦးနု အစိုးရ
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ နှစ် (၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
- ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀၀) တွင် ထေရ၀ါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊
- ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု (၃) ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ကျေးဇူးသိမှကျေးဇူးဆပ်
- သတ္တ၀ါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို မသိ၍သာ ကျေးဇူးကိုပြန်လည် မပေးဆပ် ကြသေးဘဲ လွှင့်မျော၊ မေ့လျော့နေခဲ့ကြသည်။
- ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပေ။
(၁) ဘုရားရှင်၏ ဘုရားအလောင်း ဘ၀မှ ကျေးဇူးတော်
(၂) ဘုရား ဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူတော်
(၃) ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင် သူမြတ်များ ပါဝင်သော သံဃာထု၏ ကျေးဇူးတော်
(၄) ခေတ်အဆက်ဆက်သာသနာ့အကျိုးပံ့ပိုးပေးခဲ့သော အာဏာပိုင် မင်းထု ၏ ကျေးဇူးတော်
(၅) သာသနာ့အကျိုးဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ ပြည်သူလူထု ၏ကျေးဇူးတော်
သမိုင်းတလျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘ၀ပေါင်း မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော တန်ဖိုးဖြတ်၍ မရနိုင်သော ဗုဒ္ဓသာသနာတော်ကိုမျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီးထိန်းသိမ်း စောင့်ရှောက် ကျေးဇူးဆပ်ရန်လိုအပ်လှပေသည်။
ယနေ့ခေတ်သာသနာအခြေအနေ
- သာသနာနှစ်(၂၃၅)နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ (၅) ပုံ (၄)ပုံသည် ဗုဒ္ဓသာသနာ လွှမ်းမိုးခဲ့ရာမှ ယနေ့ခေတ်တွင်ထေရ၀ါဒ ဗုဒ္ဓသာသနာ သည် (၅)နိုင်ငံသာကျန်ပေတော့သည်။
- ကမ္ဘာ့လူဦးရေဖြင့်နှိုင်းယှဉ်လျှင် သန်းပေါင်း (၆၁၀၀) ခန့် ရှိသောကမ္ဘာတွင် သန်းပေါင်း (၂၅၀)ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသဖြင့် ယခင်က ကမ္ဘာ့ လူဦးရေ ၏ (၈၀) ရာခိုင်နှုန်းမှ ယခု (၄) ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း မှန်းဆကြလေသည်။
- မြန်မာနိုင်ငံသည် ထေရ၀ါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ (၈၀) ရာခိုင် နှုန်းခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ထေရ၀ါဒ ဗုဒ္ဓသာသနာအကြောင်းနားလည်သူနည်းပါလှ ပေသည်။
သို့အတွက်ကြောင့် ယခုအချိန်တွင် သံဃာထုနှင့် မင်းထုအပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သော်လည်း ပြည်သူ လူထု အပိုင်းမှ ကြိုးစားဆောင်ရွက်မှု လွန်စွာအားနည်းနေပေသည်။
ဘုရားသာသနာအကျင့်နှစ်ဖြာ
- ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်
(၁) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်းလုပ်ငန်း (စာသင် တိုက်များ၊ တရားပွဲများ) နှင့်
(၂) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သော တရားတော်များကိုခန္ဓာ တွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ် လေ့ကျင့် ရသော လုပ်ငန်း (၀ိပဿနာရိပ်သာ များ၌ အားထုတ်ခြင်း) များကိုသာ အကျင့်(၂)ဖြာဟုခေါ်ဆိုရပေမည်။
Thursday, April 16, 2009
ဗုဒ္ဓသာသနာပြုကြရအောင်
ကုန်းဘောင်မင်းဆက်
ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အ၀နေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။
ထို ကုန်းဘောင်မင်း ၁၁-ဆက်တို့ကို အကျဉ်းမျှပြဆိုပါမည်။
* 1 အလောင်းမင်းတရား
* 2 စစ်ကိုင်းမင်း
* 3 ဆင်ဖြူရှင်မင်း
* 4 စဥ့်ကူးမင်း
* 5 ဖောင်းကားစား မောင်မောင်
* 6 ဗဒုံမင်း
* 7 ဘကြီးတော်
* 8 သာယာဝတီမင်း
* 9 ပုဂံမင်း
* 10 မင်းတုန်းမင်း
* 11 သီပေါမင်း
သုံးသပ်ချက်
အလောင်းမင်းတရား
(၁)ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ်)
စစ်ကိုင်းမင်း
(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း (နောင်တော်ကြီးမင်းဟုလည်းခေါ်) မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပ၀ရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်တော် ဦးလောက်ဖြစ်ပြီး အသက်ကြီးလာသော ဦးအောင်ဇေယျဖြင့် နာမည်ဆိုးနှင့် လူသိများလာသည်။ သူသည် မွန်လူမျိုးကို အမျိုးပြုန်းတီးအောင် သတ်ဖြတ်ခဲ့သော မြန်မာစစ်ဘီလူးဘုရင်တစ်ပါးဖြစ်သည်။ သူ့ကြောင့် မွန်နှင့်မြန်မာတို့သည် ချစ်ကြည်ရေး လုံးဝ မတည်ထောင်နိုင်သည်အထိ ကမ္ဘာ့ရန်သူအဖြစ်ဖြင့် ဖြစ်သွားသည်။ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။
ဆင်ဖြူရှင်မင်း
(၃)ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အ၀မြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပ၀ရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော်၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ဒုတိယသားတော်၊ငယ်မည် ဦးရွ။အခြားလူသိများသည့် အမည်မှာ မြေဒူးမင်း ဖြစ်သည်။
စဥ့်ကူးမင်း
(၄)သားတော် စဥ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနလာင်္သား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။
ဖောင်းကားစား မောင်မောင်
(၅)ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ နောင်တော်ကြီးဘုရား၏ သားတော် ငယ်မည် မောင်မောင်။ဖောင်းကားစား မောင်မောင် ဟုအသိများသည်။
ဗဒုံမင်း
(၆)ဗဒုံမင်း(ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) ဘိုးတော်ဘုရား (ခေါ်) အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပ၀ရ၀ိဇယာနန္တ ယသတြိ ဘ၀နာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။၎င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နှင်းရသေးသည်ဟုဆိုသည်။
ဘကြီးတော်
(၇)ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထအ၀မြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘ၀နာဒိတျ ပ၀ရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။
သာယာဝတီမင်း
(၈)ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ရွှေဘိုမင်းဟုလည်းကောင်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာအမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပ၀ရာဒိတျ လောကာဓိပတိ ၀ိဇယမဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။
ပုဂံမင်း
(၉)သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပ၀ရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။
မင်းတုန်းမင်း
(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင်မင်းတရားကြီး သိရီပ၀ရ ၀ိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။
သီပေါမင်း
(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယိကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပ၀ရ ၀ိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ကုလားဖြူတို့က မင်းနှစ်ပါးအားဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး ကိုသိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘ၀ထား၍ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။
သုံးသပ်ချက်
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုပ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋိကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။
အင်ကြင်း ကြာအုံ ရတနာပုံ ၏ အရေးကြီး ရက်စွဲများ သမိုင်း
# ၁၈၅၃ စက်တင်ဘာ ၁၁- အမ ရပူရ မင်းနေပြည် ကနေ ဘယ်မှ မပြောင်း သင့်ကြောင်း ရဟန်း ပညာရှိ လူ ပညာရှိ တို့  မစိုးရိမ် တိုက်မှာ စည်းဝေး ဆုံးဖြတ်၍ မေတ္တာစာ ရေးပြီး မင်းတုန်းမင်း ထံဆက်။
# ၁၈၅၆ အောက်တိုဘာ ၃၀-ရဟန်း ရှင်လူ ပြည်သူ အများ တောင်းပန် နေတဲ့ ကြားက မြို့ သစ် တည်မဲ့နေရာ သွားကြည့်
# ၁၈၅၆ အောက်တိုဘာ ၃၁- မြို့ သစ် နေရာ အသေးစိတ် ပုံစံ ရေးဆွဲ စေ
# ၁၈၅၇ ဇန်န၀ါရီ ၁၃- မန္တလေး မြို့ တည်စေ အမိန့်တော်
* ၁၈၅၇ ဖေဖေါ်ဝါရီ ၁ မှ ၁၈၅၉ ဇူလိုင် ၁၆- မြို့ တော်သစ် တည်ဆောက် ပြင်ဆင်။ မင်းတုန်းမင်းက အင်္ဂါသားမို့  မြို့သစ် တည်ရာ မှာ အင်္ဂါသားတွေပဲ သုံးခဲ့တယ်။ ဒါကြောင့် အဲဒီ နှစ်ပိုင်း တွေကို အင်္ဂါသားတွေ ကပ်ဆိုက် တဲ့နှစ် တွေလို့ ခေါ်ခဲ့ ကြတယ်။
* ၁၈၅၉ ဧပြီ ၂၈- ရတနာပုဏ် မန္တလေး နေပြည်တော် ပြီးစီး။ ၁၂၂၁ ခုနှစ် တန်ခူး လပြည့် ကျော် ၁၀ ရက်- အုတ်ကျစ် ကျော်အေး မန္တလေး
* ၁၈၆၁ ဧပြီ ၈- မီးလောင် (၁) မှန်နန်း တော်ကြမ်း ကိုဆေးလိပ် မီးက စပြီးလောင် လို့ မင်းတုန်း မင်း ယာယီ စံနန်း ပြောင်း၊ ၁၈၆၁ အောက်တိုဘာ ၄ မှ ရွှေနန်း တော်ပြန်တက်။
* ၁၈၆၁ ဇူလိုင် ၃၁- မီးလောင် (၂) တရုတ်တန်း ငရွှေလှ အိမ်မှ စတင် လောင်ကျွမ်း
* ၁၈၆၃ မတ် ၂၃- မန္တလေး တောင်အနီး မှာနန်းမြေ ဘုံသာ အမည်နဲ့ စံနန်း တစ်ဆောင် ဆောက်ပြီး မင်းတုန်း မင်းထွက် နေပြန်တယ်။ မီးသင့် မှာကြောက် နေပုံ ရတယ်။
* ၁၈၆၄ စက်တင်ဘာ ၆- ဟာလေ ဒီဘိုလုပ် ကုမ္ပဏီ ကစကြာ ယာဉ်မွန် မီးသင်္ဘော ဆက်သ။
* ၁၈၆၅ နိုဝင်ဘာ ၁၁- အသစ် တည်ပြီးတဲ့ဒင်္ဂါး စက်က ဒေါင်းဒင်္ဂါး စတင် သွန်းလုပ်
* ၁၈၆၆ ဧပြီ ၁၅- မီးလောင် (၃)- အနောက် ပြင်ကစ။
* ၁၈၆၆ ဇူလိုင် ၃၁- မီးလောင် (၄)- မြို့ တော် အရှေ့ မြောက် တွင်မိုးကြိုး လောင်မီး ကျခြင်း။
* ၁၈၆၆ သြဂုတ် ၂- မြင်းကွန်း၊ မြင်းခုံတိုင် အရေး တော်ပုံ စတင်၊ အိမ်ရှေ့စံ ကနောင် မင်းသားကြီး သေဆုံး။
* ၁၈၆၇ ဧပြီ ၂၃- မီးလောင် (၅)- စွယ်တော် ဆင်မြောက် သေနတ်တန်း ယမ်းစည် ပေါက်၍။
* ၁၈၇၁ ဧပြီ ၁၅ မှ စက်တင်ဘာ ၁၂- ပဉ္စမ သင်္ဂါ ယနာ တင်ပွဲကြီး။
* ၁၈၇၂ ဖေဖေါ်ဝါရီ ၂၂ မှ ၁၈၇၃ မေ ၂- မြန်မာ သံအဖွဲ့ ကိုကင်းဝန် မင်းကြီး ဦးဆောင်၍ လန်ဒန်၊ ပဲရစ်၊ ရောမ သွား
* ၁၈၇၂ ဧပြီ ၁၈- မီးလောင် (၆)- မိုးကြိုး လောင်မီး ကျ
* ၁၈၇၅ ဧပြီ ၁၁- ရတနာပုဏ် နေပြည်တော် သတင်းစာ စထွက်။ “ငါမကောင်း လျှင်ငါ့ အကြောင်း၊ ငါ့မိဖုရား မကောင်း လျှင်သူ့ အကြောင်း မထောက် မညှာ ရေးလေ” ဟုမင်းတုန်း မင်းက ခွင့်ပြု ခဲ့တယ် လို့ အဆို ရှိပေမဲ့ ဘယ်သူမှ သူ့ အကြောင်း မကောင်း မရေး ၀ံ့ကြပါ။
* ၁၈၇၈ စက်တင်ဘာ ၁၉- မင်းတုန်းမင်း အပြင်း အထန် မကျန်းမာ၊ အံ့သြ ဖွယ်ရာ သီပေါ မင်းသား အိမ်ရှေ့  စံဖြစ်
* ၁၈၇၈ အောက်တိုဘာ ၁- မင်းတုန်းမင်း နတ်ရွာစံ။ အောက်တိုဘာ (၇) သင်္ဂြိုလ်
* ၁၈၇၉ ဖေဖေါ်ဝါရီ ၁၃ မှ ၁၈- နန်းမလုနိုင်အောင် ဖမ်းဆီး ထားသော မင်းညီ မင်းသား များကို သုတ်သင် ပွဲကြီး ကျင်းပ။
* ၁၈၇၉ ဖေဖေါ်ဝါရီ ၂၅- မီးလောင် (၇)၊ အနောက် ပြင်မှစ၊ အိမ်ခြေ ၂၀၀ ကျော် လောင်ကျွမ်း၊ ရွှေရေးဆောင် ကျောင်းတိုက် နဲ့မဟာ မုနိ အနောက် စောင်းတန်း ပါပြာကျ။
* ၁၈၈၀ မတ် ၁၄- အိမ်နိမ့် စံနေ ရသော ပုဂံ မင်းနတ်ရွာစံ။
* ၁၈၈၀ မတ် ၁၇- သီပေါ မင်း၏ သားကြီး ကျောက်ပေါက် ၍သေ။
* ၁၈၈၀ မေ ၂၃- သီပေါ မင်းဘိသိက် ခံ၍ တရားဝင် မင်းအဖြစ် သို့ ရောက်။
* ၁၈၈၁ ဇွန် ၁- သီပေါ မင်း၏ မယ်တော်သေ။
* ၁၈၈၃ ဖေဖေါ်ဝါရီ ၁၈- မီးလောင် (၈) နန်းမြို့  တော်တောင် ဗြဲတိုက် သံဆင့် ငမြစ် အိမ်က စတင် လောင်ကျွမ်း
* ၁၈၈၃ မတ် ၂၅- မီးလောင် (၉)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၃- မီးလောင် (၁၀)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၅- မီးလောင် (၁၁)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၁၆- မီးလောင် (၁၂)၊ အကြီးအကျယ်
* ၁၈၈၃ သြဂုတ် ၁၈- ယော အတွင်းဝန် ဦးဖိုးလှိုင် ကွယ်လွန်။
* ၁၈၈၄ ဖေဖေါ်ဝါရီ ၂၈- မီးလောင် (၁၃) တောင်ပြင် လင်းဇင်း တန်း
* ၁၈၈၄ မတ် ၂၃- မီးလောင် (၁၄) အရှေ့ ပြင်
* ၁၈၈၄ မတ် ၂၄- သီပေါမင်း ၏သမီးတော် လေးပါး ကျောက်ပေါက်၊ တတိယ နဲ့  စတုတ္တ သမီးတော် များသေဆုံး။
* ၁၈၈၄ ဧပြီ ၁- မီးလောင် (၁၅) မလွန် ဈေးရပ်
* ၁၈၈၅ ဧပြီ ၅- မီးလောင် (၁၆) အနောက် ပြင်မှစ၊ တစ်မီး မငြိမ်း မှီနောက် တစ်မီး အစုစု မီးခုနှစ် ကြိမ်တိုင် အောင် တစ်ရက်တည်းလောင်
* ၁၈၈၅ ဧပြီ ၈- မီးလောင် (၁၇) ရွာဟိုင်း ဈေးမှ စတင် လောင်ကျွမ်း၊ မဟာ မုနိ ဘုရားကြီး ပါလောင် သွားတယ် (ရခိုင် ကပင့် လာတာ နှစ်တစ်ရာ ပြည့်တဲ့ နေ့မှာ မီးသင့် ခံရ ရှာတယ်) ဘုရား ကြီးမီး သင့်ရာ မှအရည် ပျော်စီး ကြလာ သောရွှေချိန် ၅၄၅၀ ကျပ်သား။ မီးသင့် အိမ်တစ် အိမ်ကို ငွေ ၂ ကျပ်နဲ့ ဆန်တစ်စိတ် ပေး သနားတယ်။
* ၁၈၈၄ ဧပြီ ၁၄- မီးလောင် (၁၈) နန်းမြို့  အနောင် တောင်ထောင့်
* ၁၈၈၄ မေ ၁၉- မီးလောင် (၁၉) ဘုန်းတော်တိုး အစု တောင်ဘက်
* ၁၈၈၄ မေ ၂၅- မီးလောင် (၂၀)- ချမ်းအေး သာစံ တရုတ်တန်း မြောက်စွန်း
* ၁၈၈၄ ဇူလိုင် ၅- အသစ် ပြန်လည် တည်ဆောက် ပြီး မဟာ မုနိ ဘုရားကြီး မျက်နှာ တော်ဖွင့်
* ၁၈၈၄ စက်တင်ဘာ ၂၁- မြို့ တော် သန်းခေါင် စာရင်း ကောက်ခံ။ လူတစ်သိန်း နေထိုင်သည်။
* ၁၈၈၅ သြဂုတ် ၁၂- ဘုံဘေ ဘားမား ကုမ္ပဏီ သစ်ခိုးမှု၊ ဒဏ်ငွေ ၂၃ သိန်း ချမှတ်။
* ၁၈၈၅ နိုဝင်ဘာ ၇ မှ ၂၈- ဒီဂယက် ကြောင့်တတိယ အင်္ဂလိပ်-မြန်မာ စစ်ဖြစ်။ စစ်ရှုံး
* ၁၈၈၅ နိုဝင်ဘာ ၂၉- သီပေါမင်း မိသားစု ပါတော်မူ
* ၁၈၉၈- မန္တလေး မီးသတ် ဌာန ထောင်
* ၁၉၀၃ သြဂုတ် ၁၈- မင်းတုန်းမင်း နဲ့ ကနောင် မင်းသားကြီး တို့ ရဲ့  လက်စွဲ သမားတော် ပညာ သိဒ္ဓိ ကျော်ခေါင် ခေါ် ဦးခဲသေ။
* ၁၉၀၈ ဇွန် ၃၀- ကင်းဝန် မင်းကြီးအနိစ္စရောက်။
* ၁၉၁၆ ဒီဇင်ဘာ ၁၆- သီပေါ ဘုရင် အိန္ဒိယ မှာ နတ်ရွာစံ
* ၁၉၂၅ နိုဝင်ဘာ ၂၄- သီပေါရဲ့  မိဖုယားစုဖုရားလတ် ရန်ကုန်မှာ နတ်ရွာစံ၊ ကုန်းဘောင် မင်းဆက် နိဌိတံ။
ကိုးကား
1. သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့် ရာဇ၀င်
2. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်
အင်ကြင်း ကြာအုံ ရတနာပုံ၏ အရေးကြီး ရက်စွဲများ သမိုင်း
# ၁၈၅၃ စက်တင်ဘာ ၁၁- အမ ရပူရ မင်းနေပြည် ကနေ ဘယ်မှ မပြောင်း သင့်ကြောင်း ရဟန်း ပညာရှိ လူ ပညာရှိ တို့  မစိုးရိမ် တိုက်မှာ စည်းဝေး ဆုံးဖြတ်၍ မေတ္တာစာ ရေးပြီး မင်းတုန်းမင်း ထံဆက်။
# ၁၈၅၆ အောက်တိုဘာ ၃၀-ရဟန်း ရှင်လူ ပြည်သူ အများ တောင်းပန် နေတဲ့ ကြားက မြို့ သစ် တည်မဲ့နေရာ သွားကြည့်
# ၁၈၅၆ အောက်တိုဘာ ၃၁- မြို့ သစ် နေရာ အသေးစိတ် ပုံစံ ရေးဆွဲ စေ
# ၁၈၅၇ ဇန်န၀ါရီ ၁၃- မန္တလေး မြို့ တည်စေ အမိန့်တော်
* ၁၈၅၇ ဖေဖေါ်ဝါရီ ၁ မှ ၁၈၅၉ ဇူလိုင် ၁၆- မြို့ တော်သစ် တည်ဆောက် ပြင်ဆင်။ မင်းတုန်းမင်းက အင်္ဂါသားမို့  မြို့သစ် တည်ရာ မှာ အင်္ဂါသားတွေပဲ သုံးခဲ့တယ်။ ဒါကြောင့် အဲဒီ နှစ်ပိုင်း တွေကို အင်္ဂါသားတွေ ကပ်ဆိုက် တဲ့နှစ် တွေလို့ ခေါ်ခဲ့ ကြတယ်။
* ၁၈၅၉ ဧပြီ ၂၈- ရတနာပုဏ် မန္တလေး နေပြည်တော် ပြီးစီး။ ၁၂၂၁ ခုနှစ် တန်ခူး လပြည့် ကျော် ၁၀ ရက်- အုတ်ကျစ် ကျော်အေး မန္တလေး
* ၁၈၆၁ ဧပြီ ၈- မီးလောင် (၁) မှန်နန်း တော်ကြမ်း ကိုဆေးလိပ် မီးက စပြီးလောင် လို့ မင်းတုန်း မင်း ယာယီ စံနန်း ပြောင်း၊ ၁၈၆၁ အောက်တိုဘာ ၄ မှ ရွှေနန်း တော်ပြန်တက်။
* ၁၈၆၁ ဇူလိုင် ၃၁- မီးလောင် (၂) တရုတ်တန်း ငရွှေလှ အိမ်မှ စတင် လောင်ကျွမ်း
* ၁၈၆၃ မတ် ၂၃- မန္တလေး တောင်အနီး မှာနန်းမြေ ဘုံသာ အမည်နဲ့ စံနန်း တစ်ဆောင် ဆောက်ပြီး မင်းတုန်း မင်းထွက် နေပြန်တယ်။ မီးသင့် မှာကြောက် နေပုံ ရတယ်။
* ၁၈၆၄ စက်တင်ဘာ ၆- ဟာလေ ဒီဘိုလုပ် ကုမ္ပဏီ ကစကြာ ယာဉ်မွန် မီးသင်္ဘော ဆက်သ။
* ၁၈၆၅ နိုဝင်ဘာ ၁၁- အသစ် တည်ပြီးတဲ့ဒင်္ဂါး စက်က ဒေါင်းဒင်္ဂါး စတင် သွန်းလုပ်
* ၁၈၆၆ ဧပြီ ၁၅- မီးလောင် (၃)- အနောက် ပြင်ကစ။
* ၁၈၆၆ ဇူလိုင် ၃၁- မီးလောင် (၄)- မြို့ တော် အရှေ့ မြောက် တွင်မိုးကြိုး လောင်မီး ကျခြင်း။
* ၁၈၆၆ သြဂုတ် ၂- မြင်းကွန်း၊ မြင်းခုံတိုင် အရေး တော်ပုံ စတင်၊ အိမ်ရှေ့စံ ကနောင် မင်းသားကြီး သေဆုံး။
* ၁၈၆၇ ဧပြီ ၂၃- မီးလောင် (၅)- စွယ်တော် ဆင်မြောက် သေနတ်တန်း ယမ်းစည် ပေါက်၍။
* ၁၈၇၁ ဧပြီ ၁၅ မှ စက်တင်ဘာ ၁၂- ပဉ္စမ သင်္ဂါ ယနာ တင်ပွဲကြီး။
* ၁၈၇၂ ဖေဖေါ်ဝါရီ ၂၂ မှ ၁၈၇၃ မေ ၂- မြန်မာ သံအဖွဲ့ ကိုကင်းဝန် မင်းကြီး ဦးဆောင်၍ လန်ဒန်၊ ပဲရစ်၊ ရောမ သွား
* ၁၈၇၂ ဧပြီ ၁၈- မီးလောင် (၆)- မိုးကြိုး လောင်မီး ကျ
* ၁၈၇၅ ဧပြီ ၁၁- ရတနာပုဏ် နေပြည်တော် သတင်းစာ စထွက်။ “ငါမကောင်း လျှင်ငါ့ အကြောင်း၊ ငါ့မိဖုရား မကောင်း လျှင်သူ့ အကြောင်း မထောက် မညှာ ရေးလေ” ဟုမင်းတုန်း မင်းက ခွင့်ပြု ခဲ့တယ် လို့ အဆို ရှိပေမဲ့ ဘယ်သူမှ သူ့ အကြောင်း မကောင်း မရေး ၀ံ့ကြပါ။
* ၁၈၇၈ စက်တင်ဘာ ၁၉- မင်းတုန်းမင်း အပြင်း အထန် မကျန်းမာ၊ အံ့သြ ဖွယ်ရာ သီပေါ မင်းသား အိမ်ရှေ့  စံဖြစ်
* ၁၈၇၈ အောက်တိုဘာ ၁- မင်းတုန်းမင်း နတ်ရွာစံ။ အောက်တိုဘာ (၇) သင်္ဂြိုလ်
* ၁၈၇၉ ဖေဖေါ်ဝါရီ ၁၃ မှ ၁၈- နန်းမလုနိုင်အောင် ဖမ်းဆီး ထားသော မင်းညီ မင်းသား များကို သုတ်သင် ပွဲကြီး ကျင်းပ။
* ၁၈၇၉ ဖေဖေါ်ဝါရီ ၂၅- မီးလောင် (၇)၊ အနောက် ပြင်မှစ၊ အိမ်ခြေ ၂၀၀ ကျော် လောင်ကျွမ်း၊ ရွှေရေးဆောင် ကျောင်းတိုက် နဲ့မဟာ မုနိ အနောက် စောင်းတန်း ပါပြာကျ။
* ၁၈၈၀ မတ် ၁၄- အိမ်နိမ့် စံနေ ရသော ပုဂံ မင်းနတ်ရွာစံ။
* ၁၈၈၀ မတ် ၁၇- သီပေါ မင်း၏ သားကြီး ကျောက်ပေါက် ၍သေ။
* ၁၈၈၀ မေ ၂၃- သီပေါ မင်းဘိသိက် ခံ၍ တရားဝင် မင်းအဖြစ် သို့ ရောက်။
* ၁၈၈၁ ဇွန် ၁- သီပေါ မင်း၏ မယ်တော်သေ။
* ၁၈၈၃ ဖေဖေါ်ဝါရီ ၁၈- မီးလောင် (၈) နန်းမြို့  တော်တောင် ဗြဲတိုက် သံဆင့် ငမြစ် အိမ်က စတင် လောင်ကျွမ်း
* ၁၈၈၃ မတ် ၂၅- မီးလောင် (၉)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၃- မီးလောင် (၁၀)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၅- မီးလောင် (၁၁)၊ အကြီးအကျယ်
* ၁၈၈၃ ဧပြီ ၁၆- မီးလောင် (၁၂)၊ အကြီးအကျယ်
* ၁၈၈၃ သြဂုတ် ၁၈- ယော အတွင်းဝန် ဦးဖိုးလှိုင် ကွယ်လွန်။
* ၁၈၈၄ ဖေဖေါ်ဝါရီ ၂၈- မီးလောင် (၁၃) တောင်ပြင် လင်းဇင်း တန်း
* ၁၈၈၄ မတ် ၂၃- မီးလောင် (၁၄) အရှေ့ ပြင်
* ၁၈၈၄ မတ် ၂၄- သီပေါမင်း ၏သမီးတော် လေးပါး ကျောက်ပေါက်၊ တတိယ နဲ့  စတုတ္တ သမီးတော် များသေဆုံး။
* ၁၈၈၄ ဧပြီ ၁- မီးလောင် (၁၅) မလွန် ဈေးရပ်
* ၁၈၈၅ ဧပြီ ၅- မီးလောင် (၁၆) အနောက် ပြင်မှစ၊ တစ်မီး မငြိမ်း မှီနောက် တစ်မီး အစုစု မီးခုနှစ် ကြိမ်တိုင် အောင် တစ်ရက်တည်းလောင်
* ၁၈၈၅ ဧပြီ ၈- မီးလောင် (၁၇) ရွာဟိုင်း ဈေးမှ စတင် လောင်ကျွမ်း၊ မဟာ မုနိ ဘုရားကြီး ပါလောင် သွားတယ် (ရခိုင် ကပင့် လာတာ နှစ်တစ်ရာ ပြည့်တဲ့ နေ့မှာ မီးသင့် ခံရ ရှာတယ်) ဘုရား ကြီးမီး သင့်ရာ မှအရည် ပျော်စီး ကြလာ သောရွှေချိန် ၅၄၅၀ ကျပ်သား။ မီးသင့် အိမ်တစ် အိမ်ကို ငွေ ၂ ကျပ်နဲ့ ဆန်တစ်စိတ် ပေး သနားတယ်။
* ၁၈၈၄ ဧပြီ ၁၄- မီးလောင် (၁၈) နန်းမြို့  အနောင် တောင်ထောင့်
* ၁၈၈၄ မေ ၁၉- မီးလောင် (၁၉) ဘုန်းတော်တိုး အစု တောင်ဘက်
* ၁၈၈၄ မေ ၂၅- မီးလောင် (၂၀)- ချမ်းအေး သာစံ တရုတ်တန်း မြောက်စွန်း
* ၁၈၈၄ ဇူလိုင် ၅- အသစ် ပြန်လည် တည်ဆောက် ပြီး မဟာ မုနိ ဘုရားကြီး မျက်နှာ တော်ဖွင့်
* ၁၈၈၄ စက်တင်ဘာ ၂၁- မြို့ တော် သန်းခေါင် စာရင်း ကောက်ခံ။ လူတစ်သိန်း နေထိုင်သည်။
* ၁၈၈၅ သြဂုတ် ၁၂- ဘုံဘေ ဘားမား ကုမ္ပဏီ သစ်ခိုးမှု၊ ဒဏ်ငွေ ၂၃ သိန်း ချမှတ်။
* ၁၈၈၅ နိုဝင်ဘာ ၇ မှ ၂၈- ဒီဂယက် ကြောင့်တတိယ အင်္ဂလိပ်-မြန်မာ စစ်ဖြစ်။ စစ်ရှုံး
* ၁၈၈၅ နိုဝင်ဘာ ၂၉- သီပေါမင်း မိသားစု ပါတော်မူ
* ၁၈၉၈- မန္တလေး မီးသတ် ဌာန ထောင်
* ၁၉၀၃ သြဂုတ် ၁၈- မင်းတုန်းမင်း နဲ့ ကနောင် မင်းသားကြီး တို့ ရဲ့  လက်စွဲ သမားတော် ပညာ သိဒ္ဓိ ကျော်ခေါင် ခေါ် ဦးခဲသေ။
* ၁၉၀၈ ဇွန် ၃၀- ကင်းဝန် မင်းကြီးအနိစ္စရောက်။
* ၁၉၁၆ ဒီဇင်ဘာ ၁၆- သီပေါ ဘုရင် အိန္ဒိယ မှာ နတ်ရွာစံ
* ၁၉၂၅ နိုဝင်ဘာ ၂၄- သီပေါရဲ့  မိဖုယားစုဖုရားလတ် ရန်ကုန်မှာ နတ်ရွာစံ၊ ကုန်းဘောင် မင်းဆက် နိဌိတံ။
ကိုးကား
1. သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့် ရာဇ၀င်
2. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်
မင်းတုန်းမင်း နဲ့ ရေ မြွေ
တစ်ခါ က မင်းတုန်းမင်း က သူ ဆရာတော် တွေ ကို မေးလျှောက် ဖူးတယ်။အသောကမင်း ရဲ့  ဆရာတော်တွေ က ပရိတ်ရွတ် ရင် ရေဆူ လို့ ဒကာတော်(မင်းတုန်းမင်း) ရဲ့ ဆရာအရှင်တွေ က ကော ပရိတ်ရေဆူ ပါသလားတဲ့ ။ဒိတော့ ဗန်းမော် ဆရာတော် ခပ်ရွဲ့ ရွဲ့ နဲ့  ဖြေပုံက အသောကမင်း ကအမိန့် နဲ့  ခေါ်ရင် လူမပြောနဲ့  ရေထဲကနဂါးတောင် လာ ရ တယ်။အဲဒိလောက် ဘုန်း အာ ဏာ နဲ့  ပြည့် စုံတဲ့ မင်း ရဲ့ ဆရာတော် တွေပရိတ် ရွတ် ရင် ပရိတ်ရေ ဆူတာပေါ့ ယခု ဒကာကရေထဲက ရေမြွေကိုတောင် လာအောင် မခေါ် နိုင် တာ ဘဲ ဒကာတော်ရဲ့ ဆရာဘုန်းကြီးတွေ က ပရိတ်ရေမဆူတာ ဆန်းပါ့ မလား တဲ့ .
သမိုင်းထဲက မန္တလေး..မန္တလေးထဲက သမိုင်း. ၂. မြသန်းတင့်
ဤနေရာတွင် အခြားနေရာများကို ခဏထား၍ မင်းတုန်းမင်း၏ စရိုက်နှင့် စိတ်နေသဘောထားကို ပြောရဦးမည်။မင်းတုန်းမင်းသည်
နောင်တော်နှင့်ဂရိတ် ဗြိတိန်တို့ တိုက်ကြသည့် ဘေးဒုက္ခများလှသော စစ်ပွဲကြောင့် တိုင်းပြည်ဖရိုဖရဲ ဖြစ်နေချိန်တွင် နန်းတက်လာခဲ့သည်။ မြန်မာဧကရာဇ်
နိုင်ငံတော်ဟောင်း၏အ ကြွယ်ဝဆုံးသော ပြည်နယ်ကို နိုင်လိုမင်းထက် လုပ်တတ်ပြီးပရိယာယ်များသော ဒါလဟိုဇီက ယူငင်သွားခဲ့ပြီးပြီ။သူ့နန်းတော်သည်လည်း
စိတ်ရောဂါစွဲကပ်သော ခမည်းတော် သာယာဝတီမင်း၏ ကြောက်မက်ဖွယ် ရက်စက်ရိုင်းပျမှုများကြောင့် ဂုဏ်သရေညှိုးနွမ်းခဲ့လေပြီ။ သို့ ဖြင့် သူ၏
အနာဂတ်သည်အိမ်နီးချင်းဖြစ် သည့် ဗြိတိသျှ (အောက်မြန်မာပြည်အစိုးရ) အပေါ်တွင်သာတည်နေသည်။ ဗြိတိသျှတို့ကလည်း သူ့ကို နန်းမှ ချလိုလျှင်
လက်ဖြင့်အသာဆွဲချလိုက်ရုံသာ ရှိတော့သည်။ သို့ရာတွင် မင်းတုန်းမင်းသည် ဗြိတိသျှတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့သည်။ သူတပါး၏ အသက် ကို
သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။တစ် စိတ်တစ်ပိုင်းသာ ကျန်တော့သည့် သူ့တိုင်းပြည်ကို မြန်မာဘုရင်တို့ လက်ထက်တွင် မရှိဘူးသည့်
စည်ပင်ဝပြောမှုမျိုးရအောင် ဆောင်ရွက်ခဲ့သည်။မင်းတုန်း မင်းတွင် ကြင်နာ သနားတတ်သော စိတ်ရှိကြောင်းကို အများအပြားကပင်
သက်သေခံကြသည်။မင်းတုန်းမင်းက သနားကြင်နာစွာ ဆက်ဆံလေ့ရှိသည့် ဘုန်းတော်ကြီး ဒေါက်တာ မတ်က အထက်မြန်မာပြည်မြို့တော်တွင်
သူနေထိုင်ခဲ့သည့် ၅နှစ်အတွင်း၌ အများပြည်သူတို့ရှေ့တွင် ကွပ်မျက်သည့် ကိစ္စမျိုးကို တစ်ခါမျှ မတွေ့ရဟု သက်သေခံသည်။ ၁၈၆၉ခုနှစ်တွင် သာသနာကို
ပြစ်မှားစော်ကားသည်ဟု ဆိုကာ (ဓာတ်ပုံဆရာ) ဦးပိုကို တံကျင်လျှို၍ ကွပ်မျက်ခဲ့သည့် ကိစ္စ ဖြစ်ခဲ့သည်။ထိုစဉ်ဗြိတိသျှ သံကိုယ်စားလှယ် ဆာဂျွန်လောရင့်စ်က
ထိုပြစ်ဒဏ်အတွက် ၀မ်းနည်း၍ ထိုအပြစ်မျိုးက်ု စက်ဆုပ်ကြောင်း ဘုရင်ထံသို့ အကြောင်းကြားသည်။ မင်းတုန်းမင်းသည် ထိုဝေဖန်ချက်အတွက် တော်တော်
စိတ်ထိခိုက်ဟန်ရှိသည်။ ကျွန်ုပ်နှင့် နှစ်ဦးချင်း စကားပြောဆိုသည့် အခါတိုင်းထိုကိ စ္စကို မကြာခဏ ရည်ညွှန်းပြောဆိုလျှက်ရှိသည်ဟု ဒေါက်တာ မတ်က
ရေးခဲ့သည်။
မင်းတုန်းမင်းသည် သနားကြင်နာတတ်သည်။ ဘာသာတရားကိုင်းရှိုင်းသည်။တစ်ခါတစ်ရံတွင် မင်းတုန်းမင်း၏ ရက်ရော သဘောထားကြီးမှု့သည်
အဆုံးစွန်သို့ပင် ရောက်သွားတတ်သည်။ မင်းတုန်းမင်းနှင့် မကွေးမိဖုရားတို့ လမ်းခွဲကြပုံနှင့် ပတ်သက်၍ ပုံပြင်ဟောင်းတစ်ခုရှိသည်။ ထိုပုံပြင်မှာ ရယ်စရာပင်
ကောင်းနေသည်။ မင်းတုန်းမင်းရှေ့တော်မှောက်သို့ ၀င်ရောက်ခစားကာ မိမိနှစ်သက်သော သူကို လက်ထပ်ခွင့်ပြုရန်တောင်းသည်။ မကွေး မိဖုရားနှင့်
လက်ထပ်မည့်သူမှာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် ရောင်းဝယ်ဖောက်ကားနေသည့် ကုန်သည်တစ်ယောက်ဖြစ်ပြီး မကွေးမိဖုရားနှင့် ငယ်စဉ်တောင်ကျေးက
ချစ်ခင်နှစ်သက်ခဲ့သူဖြစ်သည်။
မင်းတုန်းမင်းက အလွယ်တကူသဘောတူလိုက်သဖြင့် နန်းတော်တစ်ခုလုံး အံ့သြကြရသည်။
“ငါသည် ဘွဲ့မည်ရည်၊ပိုက်ဆံကြေးငွေ နှင့် လယ်ယာတို့ကိုယခင်က စွန့်လွှတ်ခဲ့ဖူးပြီ။ရှေးက မလုပ်ဖူးသော စွန့်လွှတ်မှုမျိုးကို လုပ်နိုင်ရန်အတွက် ငါ့ကို
လမ်းပြရန်မှာ မကွေးမိဖုရား၏ တာဝန်သာ ဖြစ်သည်။သူ့ဆန္ဒကို ငါ သဘောတူတော်မူသည်”ဟု ပြောခဲ့သည်။
ညနေညီလာခံဝင်ချိန်တွင် မင်းတုန်းမင်းက မကွေးမိဖုရား၏ မွေးစားဖခင် မန္တလေး မြို့ဝန်ကို ခေါ်၍ “မောင်မင်းဟာ မကွေးမိဖုရားရဲ့ မွေးသဖခင်ပဲ။ငါ့ရဲ့
ပြိုင်ဘက်ထံ မကွေးမိဖုရားကို ပေးလိုက်တဲ့အတွက် မောင်မင်းလည်းငါနဲ့ အတူ ကုသိုလ်ယူသင့်တယ်”ဟု မိန့်သည်။
မန္တလေးမြို့ဝန်မှာ ထိုသို့ ခွင့်လွှတ်သည့် သဘောမရှိ။မကွေးမိဖုရားသည် မိုက်လည်း မိုက်မဲ၍သစ္စာဖောက်ရာလည်း ရောက်သည့် ပြစ်မူကို ကျုးလွန်သူဟု
မြင်သည်။
“မှန်လှပါ၊မကွေးမိဖုရားသည် သေစားသေခံထိုက်သူ ဖြစ်ပါသည်ဘုရား။အရှင်ခွင့်ပြုလျှင် ကျွန်တော်မျိုးကိုယ်တိုင် သူ့ကိုသတ်ပါမည်ဘုရား” ဟု
လျှောက်တင်သည်။
သို့ရာတွင် မင်းတုန်းမင်းသည် သူ့စကားကို မဖျက်။ စိတ်ကူးယဉ်သည့် မကွေးမိဖုရားအား အေးချမ်းစွာနေခွင့်ပေးသည်။မကွေးမိဖုရားသည် အသက် ၄၀
ရှိပြီဖြစ်ရုံမက မင်းတုန်းမင်းတွင်လည်း မိဖုရားကိုယ်လုပ်တော် အများအပြားရှိသဖြင့် ထိုသို့ အလွယ်တကူ စွန့်လွှတ်ခြင်းဖြစ်သည်ဟု အပြောင်အပြက် ပြောသူများ
ပြောကောင်းပြောကြလိမ့်မည်။ သို့ရာတွင် ထိုအဖြစ်အပျက်သည် မင်းတုန်းမင်း၏ စိတ်နှလုံးကောင်းရှိခြင်းနှင့် ကြင်နာသနားတတ်သော အဖြစ်အပျက်ကို
ဖော်ပြနေသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။မိမိ၏ဗြိတိသျှ အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာနေလိုသော ဆန္ဒရှြိော့င်းကိုလည်း မင်းတုန်းမင်းသည်
အထောက်အထားများစွာပြခဲ့သည်။ မင်းတုန်းမင်းသည် ပဲခူးကို သိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ မည်သည့်အခါကမျှ တရားဝင်အသိအမှတ်ပြုခြင်းမရှိခဲ့။မည်သည့်
စာချုပ်ကိုမျှ ချုပ်ဆိုခြင်းမပြုခဲ့။တစ်ခါတုန်းက မြန်မာဘုရင်တစ်ပါးသည် တရုပ်တို့၏ ကျုးကျော်မှုကြောင့် ထွက်ပြေးခဲ့ဖူးသည်။ထို့ကြောင့် ယနေ့တိုင်
“တရုတ်ပြေးမင်း” ဟူသည့်အမည်ဖြင့် သိကြသည်။မြန်မာတို့သည် အပြောင်အပျက်နာမည်ပေးတတ်သည့် လူမျိုးဖြစ်သည်။မင်းတုန်းမင်းသည် “ပဲခူးကိုလက်မှတ်
ထိုး၍အပ်လိုက်သူ”အဖြစ် ရာဇ၀င်တွင် စာတင်ခံရမည်ကိုကြောက်သည်။လက်မှတ်ထိုးရန် ဗြိတိသျှ သံကိုယ်စားလှယ်က တိုက်တွန်းသည့်တိုင် ၀န်ကြီးများက
သဘောတူရန် အကြံပေးကြသည်ံတိုင် မင်းတုန်းမင်သည် လိုက်လျှောခြင်းမပြု။
“သည်ကိစ္စလို အရေးကြီးတဲ့ ကိစ္စမျိုးမှာ ငါကတခြားသူတွေထက် သတိထားမှ ဖြစ်မှာပေါ့။ငါ့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ငါ့မှာတာဝန်ရှိတယ်”
ဟု ပြောဖူးသည်။
သို့ရာတွင် ထိုအချက်မှ လွဲလျှင် မင်းတုန်းမင်းသည်ြေိတိသျှတို့နှင့် ရင်းနှီးချစ်ကြည်စွာနေလိုသည်ကို ပြခဲ့သည်။ သူသည် ယခင်က မြန်မာမင်းတို့
တစ်ခါမျှ ပေးဖူးခြင်းမရှိသော သက်ညှာမှုမျိုးဖြင့် ဗြိတိသျှ သံကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲများနှင့်တွေ့ဆုံရာတွင် သူပြောသည့်
စကားများသည် တစ်ဦးနှင့်တစ်ဦး အထင်မှားမှုကြောင့် မည်သို့သောဆိုးပြစ်များ ပေါ်ပေါက်လာတတ်ကြောင်းစသည့်အကြောင်းများဖြစ်သည်။မင်းတုန်းမင်း
သည် ထိုသဘောထားများနှင့် အညီလည်းနေထိုင်ကျင့်ကြံခဲ့သည်။
မင်းတုန်းမင်းသည် သူ၏ကျမ်းဂန်တတ်မြောက်မှု၊ဘာသာတရားကိုင်းရှိုင်းမူတို့အတွက် ဂုဏ်ယူတတ်သည်။ဗြိတိသျှ သံကိုယ်စားလှယ်များနှင့် စကား
ပြောရာတွင် မင်းတုန်းမင်းသည် ဗုဒ္ဓစာပေတို့ကို သူတတ်ကြွမ်းကြောင်း။လူ့သဘာဝနှင့် ပတ်သက်၍ များစွာနားလည်ခြင်းမရှိကြောင်းတို့တို့ကို မကြာခဏ
ထုတ်ဖော်ပြောဆိုတတ်သည်။သူ၏ငြိမ်းချမ်း၍ လေးစားဂုဏ်ပြုဖွယ်ကောင်းသော ဘ၀တစ်သက်တာတွင် ပဉ္စမသံင်္ဂါယနာတင် မင်းတရားဆိုသည့် အမည်လောက်
သူခုံမင်မြတ်နိုးသော ဘွဲ့မည်ရည်မျိုးဆို၍ တစ်ခုမျှရှိမည်မထင်။ထိုဘွဲ့မည်ရည်သည် သာသနာ့ဒါယကာ အာသောကမင်းကြီး၏ စိတ်ဓာတ်အမွေကို
ဆက်ခံသူဆိုသည့် အမည်များကိုရရှိစေခဲ့သည်။သူ၏မိဖုရားများ၊သားတော် သမီးတော်များ၊တိုင်းသူပြည်သားများကို ကြင်နာသနားခြင်း အရာတွင်လည်းသက်သေ
အထောက်အထားတွေ တစ်ပုံတစ်ပင်ရှိ၏်။
သူ၏အကောင်းဆုံးပြည်နယ်ကို ဆုံးရှုံးလိုက်သည့်အခါ မင်းတုန်းမင်းသည် သူ၏ ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန်အတွက် တခြားသောနည်းလမ်းများကို ရှာ
ကြံလာခဲ့ရသည်။ မင်းတုန်းမင်းသည် နိုင်ငံတော် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို စဉ်းစားလာခဲ့ရကာ သူ့နိုင်ငံတော်ထဲတွင်အကြီးဆုံးကုန်သည်ကြီးဖြစ်လာ
ခဲ့ရသည်။ ထိုကိစ္စများကို စီမံခန့်ခွဲသည့် ကိစ္စနှင့် ၀န်ကြီးများ၊မိမိအပေါ်တွင်ရှိသည့် အခြားသူများနှင့် ဆက်ဆံရေးကိစ္စများတွင် မင်းတုန်းမင်းသည်
ကျွမ်းကျင်ပါးနပ်မှုများနှင့် အမြှော်အမျှင်ရှိမှုတို့ကို ပြသခဲ့သည်။ချုပ်၍ပြောရလျှင် မင်းတုန်းမင်းသည် ထိုခေတ်ကမြန်မာ့ယဉ်ကျေးမှုက ထုတ်လုပ်ပေးနိုင်ခဲ့သော
လူကောင်းတစ်ယောက်နှင့် မင်းကောင်းတစ်ပါးဖြစ်သည်။သူ့တိုင်းပြည်၏ မည်းမှောင်အုံ့မှိုင်းသော သမိုင်းတစ်လျှောက်တွင် မင်းတုန်းမင်း၏ ဘ၀မှတ်တမ်းများကို
ပြန်ကြည့်ရခြင်းသည် စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။ မင်းတုန်းမင်း၏ ကောင်းမြတ်သော စေတနာ၊ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို လိုလားသည့် သူ့ဆန္ဒ၊
သူ့သားသမီးများ၏ ဘ၀သာယာရေးအတွက် သူ့မျှော်လင့်ချက်တို့သည် ရည်မှန်းချက်အတိုင်း အကောင်အထည်ပေါ်မလာခဲ့သူအုပ်စိုးမှုသည် အပျက်အစီး၊
အဆုံးအရှုံးလှိုင်းလုံးကြီးများထဲမှ တိုတောင်းသော ကြားကာလ လေးသာဖြစ်သည်။ သူနတ်ရွာစံပြီး ၇နှစ် အတွင်း၌မူ သူ့မင်းဆက်သည် အဆုံးသတ်ခဲ့လေပြီ။သူ့
နိုင်ငံတော်သည် လွတ်လပ်သော နိုင်ငံများစာရင်းမှ ပယ်ဖျက်ခံခဲ့ရလေပြီ။
မင်းတုန်းမင်း၏ ဈာပန ပြီးသည့်နောက်တစ်နေ့တွင် သီပေါအား မင်းအဖြစ်ကြေငြာခဲ့သည်။၅ လကြာသည့်အခါတွင်မူ သူ့ကို စိုးမိုးခြယ်လှယ်နေသည့်မိန်း
မများကြောင့် မိမိ၏ နောင်တော် ၊ညီတော်များ၊ အစ်မတော်၊ညီမတော်များနှင့်ပတ်သက်၍ အကောင်းဆုံးရွေးချယ်နိုင် လုပ်နိုင်သည့် နည်းလမ်းမှာ ယင်းတို့ကို
ကွပ်မျက်သုတ်သင်သည့် နည်းပင်ဖြစ်သည်ဟု သီပေါဆုံးဖြတ်လိုက်သည်။
ဆွေတော်မျိုးတော်တို့ကို ကွပ်မျက်စီရင်ခြင်းကြောင့် မြန်မာပြည်တစ်ဝန်းလုံးတွင် အထိတ်တလန့်ဖြစ်သွားခဲ့သည်။ထိုအတိုင်းလည်းဖြစ်ရမည်သာ
ဖြစ်သည်။ သို့ရာတွင် မြန်မာလူမျိုးတို့နှင့် စကားပြောရသူ တစ်ယောက်အဖို့၊မြန်မာဘုရင်လက်ထက်က အပျိုတော်အဖြစ်အမှုထမ်းခဲ့သော အမျိုးသမီးများအဖို့
လက်ရှိအစိုးရထံတွင် အမှုထမ်းနေသည့် အရာရှိများအဖို့၊ပုဂ္ဂိုလ်အချို့အဖို့ကား ထိုအကြောင်းနှင့် ပတ်သက်၍ ပြောပြရာတွင် ဘုရင်၏ရက်စက်ကြမ်းကြုတ်မှုကို
ထိတ်လန့်ကြောက်ရွံ့သည့် လက္ခဏာကို မတွေ့ရ။
ဆွေတော်မျိုးတော်တို့ အရေးတော်ပုံပြီးသည့်နောက်၌ ညံ့ဖျဉ်းသော အုပ်စိုးမှုနှစ်ကာလများရှိခဲ့သည်။နေ့ရက်တွေ ကုန်လွန်လာသည်နှင့်အမျှ ဘုရင်၏
အားနည်းချက်နှင့် အရည်အချင်းပြည့်ဝမှုတို့သည် ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။နန်းတော်ထဲတွင် ၀မ်းနည်းစရာပြဇာတ်တစ်ခုကပြနေသကဲ့သို့
ရှိသည်။ ထိုပြဇာတ်၏ အချုပ်မှာ မိဖုရား၏ မနာလို ၀န်တိုမှုနှင့် မိမိ၏ကြင်ရာတော်အား အခြားမည်သည့် မိန်းမမျှ သြဇာလွှမ်းမိုးခြင်းမပြုနိုင်အောင် တားဆီး
လိုသည့် ပိုင်းဖြတ်ချက်ဖြစ်သည်။ ထိုကာလအတောအတွင်း နန်းတော်ထဲမှ အကြောင်းအရာ အသးစိတ်တို့နှင့် ပတ်သက်သည့် အထောက်အထားများမှာလည်း
ပေါများလှသည်။ အချစ်ဇာတ်လမ်းရောစွက်နေသော အိမ်တွင်းဇာတ်လမ်းကလေးများသည် မြန်မာ့ မှတ်တမ်းဆရာတို့အဖို့ ရေး၍ကုန်နိုင်ဖွယ်မရှိ အစတွင်ဘုရင်
ကို ချစ်ခင်စုံမက်ခဲ့ဟန်တူသည့် စိတ်ဓာတ်ပြင်းထန်သော အမျိုးသမီးနှင့် သူ့စရိုက်နှင့် အညီ စိတ်ဓာတ်ပျော့ညံ့သော ကြင်ရာတော်တို့အကြားမှ အမျိုးမျိုးသော
ပဋိပက္ခတို့နှင့် ပတ်သက်၍လည်း အတော်အတန်ပြည့်စုံသည့် မှတ်တမ်းအထောက်အထားတွေ့ရှိသည်။မန္တလေးနှင့် ဧရာဝတီမြစ်တစ်ရိုးတွင် ခရီးသွားနေသူတစ်
ယောက်အဖို့ မန္တလေးနန်းတွင်းမှ အကောက်ကြံမှုများ၊မနာလို ၀န်တိုမှုများနှင့် ပတ်သက်သည့် ထူးဆန်းသော ပုံပြင်များကို ယခုတိုင်ကြားနေရသေးသည်။ မိမိအ
ပေါ်တွင် ချုပ်ချယ်ထားသော ကန့်သန့်ချက်များမှ ရုန်းထွက်ရန် ကြိုးစားတိုင်း မုန်တိုင်းပမာ ဆူညံပြင်းထန်သော အဖြစ်အပျက်များပေါ်ပေါက်လာတတ်သည့်အ
ကြောင်းများကို ယခုတိုင်ကြားနေရဆဲဖြစ်သည်။
ရှေးအစဉ်အလာထုံးစံအရ ဘုရင်သည် မိမိကြိုက်သလောက် မောင်းမ ကိုယ်လုပ်တော်များ ထားနိုင်သည်။ မိဖုရားလေးပါးတင်မြှောက်နိုင်သည်။ သီပေါမင်းသည်
စုဖုရားလတ်၊စုဖုရားကြီးနှင့် စုလျားရစ်ပတ် လက်ထပ်သည်။စုဖုရားကြီးမှာ အမကြီးဖြစ်သဖြင့် သူ့ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်သည်။စုဖုရားကြီးအား
ဖယ်ထုတ်ရန်နှင့် သူ့အားအမည်ခံမိဖုရားခေါင်ကြီးအဖြစ်သာ ထားရန်မှာ စုဖုရားလတ်၏ ပထမဆုံးသောအလုပ်ဖြစ်သည်။စုဖုရားကြီးမှာ ရုပ်ရည်ချောမောသူ
မဟုတ်သဖြစ် ထိုကိစ္စကို အခက်အခဲမရှိလုပ်နိုင်ခဲ့ပါသည်။တစ်ညနေတွင် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မန်ကျည်းပင်ရိပ်တို့ အုံ့ဆိုင်းနေသော စကိုင်းသို့ရောက်
သွားသည်ဆိုလျှင် စုဘုရားလတ်၏ အမိန့်ဖြင့် စုဖုရားကြီး၏ နိုကထိန်းနှင့် အပျိုတော်တို့ အကျဉ်းထောင်ထဲတွင် တဖြည်းဖြည်း ငတ်မွတ်သေဆုံးသွားရပုံကို
ယခုတိုင်ကြားရသေးသည်။
စုဖုရားလတ်အဖို့ ထို့ထက်ခက်ခဲသော အလုပ်တစ်ခုပေါ်လာခဲ့သည်။ယင်းမှာ အခြားမဟုတ် သီပေါက “မိခင်ကြီး” အမည်ရှိလှပချောမောသော မိန်းခလေး
တစ်ယောက်ကို ချစ်ခင်စုံမက်သောကြောင့်ဖြစ်သည်။ မိခင်ကြီးသည် ၀န်ကြီးတစ်ပါး၏ မြေးဖြစ်ပြီး သီပေါမင်းနှင့် ဆုဖုရားလတ်တို့မှ ဖွားမြင်သော ကလေးငယ်ကို
ပြုစုထိမ်းသိမ်းရသည့် အပျိုတော်ဖြစ်သည်။သီပေါမင်းနှင့် မိခင်ကြီး (ဒိုင်းခင်ခင်) တို့အကြောင်းကို တစ်ကြိမ်မကပြောခဲ့ကြလေပြီ။အတိုချုပ်ပြောရလျင်မိခင်ကြီး
သည် သူ့ပြိုင်ဘက်၏ အမုန်းနှင့် သူ့ချစ်သူသီပေါမင်း၏ပျော့ညံ့မှုတို့၏ သားကောင်အဖြစ် ကျရောက်ခဲ့ရသည်။ သီပေါမင်း၏ ဘ၀တွင်ထိုအဖြစ်အပျက်ထက်
ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် အဖြစ်အပျက်ရှိမည်မထင်။ ထိုအဖြစ်အပျက်ကိုကြည့်၍ သီပေါမင်းသည် စိတ်ဓာတ်ပျော့ညံ့လွန်းသူအဖြစ်ထင်ရှားလာခဲ့သည်။သူ့
မင်းဆက်နှင့် ရာဇပလ္လင်ကို ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်များအတွက် စိတ်မကောင်ဖြစ်သူတို့ကပင် ထိုအဖြစ်အပျက်ကြောင့် သီပေါအပေါ်တွင် စာနာမှု
ကင်းသွားခဲ့ကြသည်။ယခအချိန်တွင် မိဖုရားခေါင်ကြီးသည် သီပေါမင်းအပေါ်တွင်လုံးဝ အသာစီးရသွားလေပြီ။စိတ်ဓာတ်ခိုင်မာမှုပျက်သားမှုတို့ကြောင့်
စုဖုရားလတ် သည် နိုင်ငံတော်ကိစ္စများတွင် ခေါင်းဆောင်အပိုင်းမှ ပါဝင်သွားခဲ့သည်။
နန်းတော်အပြင်ဘက်တွင်မူ ဘုရင်၏ အာဏာသည် ယိုယွင်းကျဆင်းနေလေပြီ။လူဆိုးဂိုဏ်များသည် တိုင်းပြည်တစ်ဝန်းတွင်လုယက်သောင်းကျန်းလျက်ရှိ
ကာမန္တလေးမြို့နှင့် မိုင်အနည်းငယ်ကွာအထိ ရောက်လာခဲ့ကြသည်။တရုတ်လူဆိုးဂိုဏ်းများကလည်း ဗန်းမော်ကိုဝင်သိမ်းကြသည်။အခွန်တော်များသည်လည်းခ
မည်းတော် မင်းတုန်းမင်းလက်ထက်ကကဲ့သို့ မှန်မှန်မရတော့။ဘုရင်၏ဘ္ဌာတိုက်သည် မကြာခဏဆိုသလို ဟာလာဟင်းလင်းဖြစ်နေတတ်သည်။ မြန်မာပြည်နှင့်
အင်္ဂလန်တို့၏ နိုင်ငံရေးဆက်ဆံမှုမှာလည်း ဆိုးရွားလာခဲ့သည်။သီပေါမင်းနန်းတက်ပြီး တစ်နှစ်အတွင်း၌ပင် ဗြိတိသျှသံကိုယ်စားလှယ်သည် မန္တလေးထီးနန်းမှ
ရုပ်သိမ်းလာခဲ့သည်။
၁၈၈၀ပြည့်နှစ်တွင် မြန်မာ့ ထီးနန်းကအိန္ဒိယဘုရင်ခံချုပ်ထံကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။သို့ရာတွင် ဗြိတသျှပိုင်နယ်စပ်ဖြစ်သော
သရက်မြို့ထက် ကျော်၍သွားခွင့်မရခဲ့။ကာလကတ္တားသို့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန်အတွက်လည်းကောင်း၊မန္တလေးတွင် အမြဲတမ်း
လိုလိုရိုင်းပျစွာ ဆက်ဆံပြုမှုခြင်းခံရသည့်အတွက် အိန္ဒိယအစိုးရအနေဖြင့် မြန်မာဘုရင် ယူဆသကဲ့သို့ ကိုယ်စားလှယ်အဖွဲ့ကို ချစ်ကြည်စွာနှင့် ဂုဏ်သရေရှိစွာ
ကြိုဆို လက်ခံရန်အတွက်လည်းကောင်း အချိန်အခါ ကိုက်ညီခြင်း မရှိသေးဟု ဗြိတိသျှ အစိုးရက ယူဆသည်။
အမှန်အားဖြင့် မြန်မာ့ထီးနန်းသည် ဂရိတ်ဗြိတိန်နှင့် မိတ်ဆွေဖြစ်ဆက်ဆံရေးကို တကယ်လိုလားသည်မဟုတ်။မြန်မာ့ထီးနန်းသည် စေ့စပ်ဖျန်ဖြေရေး၏
အခြေခံအဖြစ် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် လျှော့ပေါ့ချက်များကို ပြုလုပ်ရန် မာနကြီးလွန်းပြီး အားနည်းလွန်းနေပြီ။ မန္တလေးထီးနန်း၏ သယံဇာတ
ရင်းမြစ်များသည် ယင်း၏ ဟန်ဆောင်ပလွှားမှု့ကို အထောက်အကူပေးရန် ခေါင်းပါးလွန်းနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် မန္တလေးအဖို့အန္တရယ်များ
သည့် တစ်ခုတည်းသော နည်းလမ်းသာလျှင် ကျန်တော့သည်။ မန္တလေးသည် ထိုနည်းလမ်းကို ကမှုးရှုးထိုးဖြင့် ရွေးချယ်ခဲ့သည်။ ယင်းမှာ မိမိကိုယ်မိမိ ပြင်သစ်၏
လက်သို့ ထိုးအပ်သည့် လမ်းဖြစ်သည်။
ပြဿနာမှာ ရှင်းသွားလေပြီ။ဗြိတိသျှတို့ဘက်မှ ကြည့်လျှင် ဆုံးဖြတ်ရန် တစ်ခုသာကျန်တော့သည်။ ဧရာဝတီနှင့် တရုတ်ပြည်နှင့် မြန်မာပြည်အကြားရှိ
အခြားသော နယ်မြေအားလုံး၊အခြားတစ်ဖက်တွင် အိန္ဒိယနှင့် မြန်မာတို့၏အကြား နယ်မြေအားလုံးရှိကုန်သွယ်မှုကို စိုးမိုးချုပ်ကိုင်မည့် ဥရောပပြိုင်ဘက်တစ်ဦး
ေါ့်ပေါက်လာခြင်းသည် နောင်တွင်ကြီးလေးသော ရှုပ်ထွေးမှုများကိုသာ ပေါ်ပေါက်လာစေလိမ့်မည်။ ထို့ကြောင့် သူ၏နိုင်ငံခြားဆက်သွယ်မှု ကိစ္စ အ၀၀ကို
ဂရိတ်ဗြိတိန် လက်အောက်သို့ လွှဲပေးရန် သီပေါမင်းကို အကြောင်းကြားခဲ့သည်။
ရလဒ်မှာ စစ်ပွဲဖြစ်သည်။
၁၈၈၅ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗြိတိသျှစစ်တပ်သည် နယ်စပ်ကို ဖြတ်ကျော်ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် သီပေါမင်းသည်
ရှည်လျားလှသော ပြည်နှင်ဒဏ်ကို ခံရန်အတွက် အကျဉ်းသားအဖြစ် စုန်ဆင်းလာခဲ့သည်။ယခုတိုင်လည်း အကျဉ်းသားအဖြစ် ဆက်လက်တည်ရှိနေသေးသည်။
နောက်ဆုံးအချိန်ထိ သီပေါသည် စိတ်ဓာတ်ပျော့ညံ့၍ ကြောက်တတ်သောလူတစ်ယောက်၏ စရိုက်ဖြစ်သည့် တွေဝေယိမ်းယိုင်မှုကို ပြသွားခဲ့သည်။
သီပေါမင်းသည် စိတ်ဓာတ်ပျော့ညံ့သူဖြစ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နိုင်သော အရည်အချင်းမရှိကြောင်း၊ သို့ရာတွင် သီပေါမင်းသည်ရက်စက်ကြမ်း
ကြုတ်ခြင်း မရှိကြောင်း၊ စိတ်ထားမဆိုးယုတ်ခြင်း မရှိကြောင်းဖြင့် မြန်မာပြည်တွင် ပြောကြသည်။
ထိုမျှမက သီပေါသည် စိတ်သဘောထားကောင်းသူ၊ကြင်နာတတ်သူ၊စာပေကျမ်းးဂန် အတော်အတန် နှံစပ်သူဟုလည်းယူဆကြသည်။သူသည်
ဘုန်းတော်ကြီးကျောင်းတွင် ကြီးပြင်းခဲ့ပြီးနောက် ခမည်းတော် မင်းတုန်းမင်းကြီးကိုယ်တိုင်က ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးခဲ့သော ခရစ်ယာန်
သာသနာပြု ဒေါက်တာမတ်၏ ကျောင်းတွင် တစ်နှစ် စာသင်ခဲ့ဖူးသည်။ အသက် (၁၉) (၂၀) အရွယ်တွင် ကမ္ဘာ့လောကကြီး အကြောင်းကို နားလည်ခြင်းမရှိဘဲသူ့
တိုင်းပြည်၏ သမိုင်းတွင် ခက်ခဲသည့်ကာလတစ်ခု၌ ခက်ခဲသည့်ရာဇပလ္လင် ပေါ်သို့ တက်ခဲ့ရသည်။ သဘာဝကြီးသည် သီပေါအား တောင့်တင်းကြံ့ခိုင်သော
ခန္ဓာကိုယ်နှင့် ခန့်ညားသည့်မျက်နှာတစ်ခုကို ပေးခဲ့သည်။ သူဖြတ်သန်းရသည့် ပင်လယ်ခရီးကို ကျော်လွှားနိုင်မည့် စိတ်ဓာတ်မျိုးကိုမူ သူ့အားမပေးခဲ့။
စုဖုရားလတ်မှာ ရှုးသွပ်မတတ် မနာလိုဝန်တိုအားကြီးကြောင်းဖြင့် ပြောကြသည်။ ထိုစကားသည် ဖြစ်နိုင်ဖွယ်ရှိသည်။ သီပေါမင်းနှင့် စုလျားရစ်ပတ်စဉ်
က စုဖုရားလတ်သည် တောင်ပနက်မှောင်သော မျက်လုံးများဖြင့် လှပချောမောသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူ့တွင်အခြားချို့ယွင်းချက်များရှိသည့်တိုင်
သူ့အပျိုတော်များနှင့် သနားကြင်နာလိုသူများအားလုံး စွဲမက်စေသည့် ညှို့ဓာတ်ရှိသည်။ စိတ်ဓာတ်မှာပြင်းထန်ပြီး အမျက်စောင်မာန်ကြီးလွန်းသည်။စုဖုရားလတ်
သည် ချစ်တတ်သော မိန်းမတစ်ယောက်ဖြစ်သည်ဆိုသည့် အချက်ကို သံသယဖြစ်သူမှာ တစ်ယောက်မျှ ရှိမည်မထင်။စုဘုရားလတ်သည် ဣနြေ္ဒသိက္ခာကြီးစွာဖြင့်
နေထိုင်တတ်သည်။သူနှင့်သိကျွမ်းသူများ၏ အဆိုအရ အနီးတွင် စုဖုရားလတ်ရှိနေခြင်းသည်အခြားမြန်မာအမျိုးသမီးတစ်ဦးရှိနေခြင်းနှင့်မတူ၊တစ်မူထူးခြား
သည်ဟု ဆိုသည်။
စုဖုရားလတ်သည် သူ့တိုင်းပြည်ကျဆုံးမည့်အရေးကို ကောင်းစွာသိသည်။ သူ့အားပြည်နှင်ဒဏ်ပေးရာသို့ ခေါ်ဆောင်သွားမည့် သဘောင်္ဆီသို့ လာသော
အခါတွင် စုဖုရားလတ်သည် ငိုလာခဲ့သည်။စုဖုရားလတ်၏ စိတ်နေသဘောထားတွင် အပြစ်အနာဆာတို့ရှိသည့်တိုင် စုဖုရားလတ်တွင် သူ့အားသူ့ကြင်ယာတော်
သီပေါမင်း၏ အထက်သို့ရောက်အောင် ပို့တင်ပေးနိုင်သည့် သတ္တိထူးတစ်ခုရှိသည်။ ယင်းမှာ မျိုးရိုးလည်းဖြစ်ကောင်းဖြစ်နိုင်သည်။စုဖုရားလတ်သည်
နှစ်ဖက်စလုံးတွင် မင်းဆွေမင်းမျိုးမှ ဆင်းသက်လာသူ ဖြစ်သည်။သီပေါမှာမူ မင်းမျိုးမဟုတ်ဟု အဆိုရှိသည်။ သို့မဟုတ်လျှင်လည်း စုဖုရားလတ်တွင် ပြင်းပြထက်
သန်သော စိတ်ဓာတ်ရှိသေြာော့င့် ဖြစ်နိုင်သည်။ယခင်က မြန်မာ့ ရဇြပလ္လင်အကြောင်းကို ပြောလျှင် သီပေါနှင့် စုဖုရားလတ်တို့ နှစ်ဦးစလုံး သက်ဆိုင်သည့်နှယ်
တွဲ၍ပြောခြင်းမှာ သဘာဝကျသည်။သူတို့သည် ယခုတိုင် အသက်ရှင်နေကြပါသေးသည်။ သို့ရာတွင် ဖြစ်မြဲဓမ္မတာအတိုင်း အချိန်ကာလ၏မှုန်ပြာသောနောက်
ကွယ် တွင် ဖြစ်ပါသည်။တစ်ခါတစ်ရံတွင်ရတနာဂီရိတွင် သုန်မှုန်နေသော သီပေါမင်း၊သူတို့ကို စောင့်ကြပ်နေ့သည့် စိတ်ညစ်နေသောအရာရှိထံထောက်ပံ့ငွေ
တိုး ပေးရန် အသံစူးစူးဖြင့် တောင်းဆိုနေသော စုဖုရားလတ်တို့၏ အကြေင်းကို ကြားရတတ်ပါသည်။
ထိုအဖြစ်အပျက်ကို ရေးပြရန်မှာ စိတ်ထိခိုက်စရာ ကောင်းပါသည်။
မြသန်းတင့်(သမိုင်းထဲက မန္တလေး၊မန္တလေးထဲ က သမိုင်းစာအုပ်မှ)
from saytaman.co.co blog
16-4-09
မင်းတုန်းမင်း (၁၈၅၃ - ၁၈၇၈)
မင်းတုန်းမင်း နန်းရရှိပုံ။
အောက်မြန်မာနိုင်ငံအား ဗြိတိသျှတို့က သိမ်းပိုက် လိုက်ခြင်းကို မြန်မာတို့ မည်သည့် အခါမျှ ဖွင့်ဟ ဝန်ခံခြင်း မပြုခဲ့ချေ။ သို့သော် နေပြည်တော်တွင် ဖြစ်ပျက် နေပုံများမှာ၊ ဗြိတိသျှတို့သည် မြန်မာနိုင်ငံ အောက်ပိုင်းကို ပိုင်ဆိုင်ကြောင်း အနည်းနှင့် အများ အသိအမှတ် ပြုသကဲ့သို့ ရှိချေသည်။ ပုဂံမင်း၏ ညီ မင်းတုန်းမင်းသားသည် ဗြိတိသျှတို့ တန်ခိုးအာဏာ မည်မျှ ကြီးမား ကျယ်ပြန့်ကြောင်းကို သိနားလည်သူ ဖြစ်သဖြင့် စစ်မလိုလားသူ တစု၏ ခေါင်းဆောင် ဖြစ်၍ လာသည်။ ဤတွင် ပုဂံမင်းသည် မင်းတုန်းမင်းသားကို မလိုမုန်းတီး ဖြစ်ခဲ့သည်။ ထိုကြောင့်၊ မင်းတုန်းမင်းသားသည် ညီတော် ကနောင်မင်းသားနှင့် အတူ ရှေးထုံးနည်း အတိုင်း ၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ၌ ရွှေဘိုသို့ ထွက်ပြေး တိမ်းရှောင် လေသည်။ ရွှေဘိုတွင် နောက်လိုက်များ စုရုံးပြီးနောက် ထီးနန်းကို သိမ်းပိုက်ရန် ကြံစည်ရာ အောင်မြင်နိုင်သည့် အခြေသို့ ရောက်ခဲ့သည်။ မကွေးမင်းကြီးသည် မင်းတုန်းမင်းသားကို ဘုရင် အဖြစ် လက်ခံ ကျေညာ၍ မင်းတုန်းမင်း၏ သစ္စာကို ခံယူခြင်း မပြုသူတို့အား ဖမ်းဆီး ချုပ်နှောင်ခြင်း ပြုသည်။ ဖေဖော်ဝါရီလတွင် မင်းတုန်းမင်းသားသည် အမရပူရ မြို့တော်တွင်းသို့ ဝင်၍ ထီးနန်းကို သိမ်းပိုက်သည်။
ဤသို့ ဖြစ်ပျက် နေဆဲတွင် အောက်မြန်မာနိုင်ငံ၌ ဗြိတိသျှတို့နှင့် တိုက်ခိုက် နေသော စစ်တပ်များကို ပြန်လည် ခေါ်ယူပြီး ဖြစ်ကာ မင်းတုန်းမင်း နန်းတက်သည်နှင့်ပင် ဗြိတိသျှတို့ကို ခုခံ တိုက်ခိုက်ခြင်းသည်လည်း ရပ်စဲ သွားတော့သည်။
မင်းတုန်းမင်းသည် အမြှော်အမြင်နှင့် ပြည်စုံ၍ ငြိမ်းချမ်းရေးကို နှစ်သက်သော မင်းတပါး ဖြစ်သည်။ မင်းတုန်းမင်းသည် တိုင်းပြည်အတွက် တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သို့ရာတွင် မင်းတုန်းမင်း၏ လက်ထက်၌ ဗြိတိသျှ နယ်ချဲ့ အင်အားသည် အထွတ်သို့ ရောက်နေပြီ ဖြစ်လေသည်။ ထိုကြောင့် လွတ်လပ်သော နိုင်ငံ အဖြစ်ဖြင့် တည်တန့် နေစေရန် မြန်မာနိုင်ငံကို ပြန်လည် တည်ထောင်မည်ဟု ရည်ရွယ်ချက် ထားရှိသော်လည်း အချည်းနှီး ဖြစ်ခဲ့ရလေသည်။
အင်္ဂလိပ်တို့နှင့် စစ်ပြေငြိမ်းခြင်း။
မင်းတုန်းမင်း နန်းတက်ပြီးနောက် ဆောင်ရွက်သည့် ပထမ အချက်မှာ နေပြည်တော်တွင် ဖမ်းဆီး ချုပ်နှောင်ထားသော ဥရောပ တိုက်သား အားလုံးကို အကျဉ်းမှ လွှတ်၍ ငြိမ်းချမ်းရေး အတွက် စကားဆိုရန် မြန်မာ သံအမတ်များကို စေလွှတ်မည့် အကြောင်း၊ ဗြိတိသျှတို့ထံ စကားပါးလိုက်ခြင်း ဖြစ်လေသည်။
ဗြိတိသျှတို့ သိမ်းပိုက်သော နယ်မြေများကား မြေထဲမြို့ မြောက်ဘက်၊ ရခိုင်နယ်စပ်မှ တောင်ငူ မြောက်ဘက်၊ ကရင်နီ နယ်စပ်သို့ တိုင်အောင် အရှေ့ အနောက် နယ်နမိတ်မျဉ်း၏ တောင်ဘက်ပိုင်း တခွင်လုံး ဖြစ်လေသည်။ မကွေးမင်းကြီး ခေါင်းဆောင်သော မြန်မာ သံအဖွဲ့သည် ပဲခူးဒေသ ဝန်ရှင်တော် မင်းကြီးသစ် ဖြစ်သော ဖယ်ရာနှင့် တွေ့ဆုံ၍ ဗြိတိသျှတို့သည် မြန်မာ့ နယ်မြေများကို အဓမ္မ သိမ်းပိုက်ရန် မသင့်ကြောင်း စကား ဆိုကြလေသည်။ ဗြိတိသျှတို့က အောက်မြန်မာနိုင်ငံ (ပဲခူး) ကို ဗြိတိသျှတို့ သိမ်းပိုက်ကြောင်း မြန်မာများ လက်မှတ် ရေးထိုး၍ အသိအမှတ်ပြုလျှင် ပြည်မြို့ မြောက်ဘက်ရှိ ဒေသများကို မြန်မာမင်း လက်သို့ ပြန်လည် အပ်နှင်းမည် ဖြစ်ကြောင်း ပြောဆိုလေသည်။
ဗြိတိန် နိုင်ငံရှိ အစိုးရနှင့် သတင်းစာများကမူ စစ်ပြေငြိမ်းရေး စာချုပ်အား မြန်မာ နေပြည်တော်၌ပင် ရေးထိုး စေရမည် ဟူသော မြန်မာ အသရေ ညှိုးစေမည့် အချက်ကို တဖက်စီးနင်း တောင်းဆို ကြလေသည်။ သို့ရာတွင် ဒါလဟိုဇီသည် မင်းတုန်းမင်းက နယ်စပ်ရှိ မြန်မာ အရာရှိများထံ စစ်တိုက်ခိုက်ခြင်းကို ရပ်စဲရန် အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြား လိုက်သော အခါ ဒါလဟိုဇီသည် မိမိ အလိုအတိုင် အင်္ဂလိပ် မြန်မာ စစ်ပွဲ ရပ်စဲပြီ ဖြစ်ကြောင်း ကြေညာ လိုက်လေသည်။
ဤသို့ အင်္ဂလိပ် မြန်မာ စစ်ပွဲ ရပ်စဲလိုက်သော်လည်း အောက်မြန်မာနိုင်ငံရှိ မြန်မာများက ဗြိတိသျှ အုပ်ချုပ်ရေးကို လက်ခံနိုင်ဖွယ်ရာ မရှိသေးသဖြင့် ဗြိတိသျှ တပ်များသည် စစ်တိုက်ရန် အသင့် ပြင်ဆင်ထားလျက် ရှိရသည်။ ဒါလဟိုဇီသည် ၁၉ ရာစု ဥရောပတိုက်သားများ ယူဆသကဲ့သို့ တိုင်းရင်းသားတို့သည် ဥရောပ တိုက်သားတို့၏ အုပ်ချုပ်ရေးကို လိုလိုချင်ချင် လက်ခံ လိုကြသည်ဟု စိတ်ချ ယုံကြည်ခဲ့သည်။ ထိုကြောင့် အောက်မြန်မာ နိုင်ငံသားတို့သည်လည်း ဗြိတိသျှတို့ကို လိုလားစွာ လက်ခံလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ဗြိတိသျှတို့သည် ၃ နှစ်တိုင်တိုင် ပြောက်ကျား တပ်စုများကို တိုက်ခိုက် နှိမ်နင်း ခဲ့ရလေသည်။ ၎င်းတို့ကို ခုခံသူတို့အား မိမိ နိုင်ငံအတွက် တိုက်ခိုက်ကြသော မြန်မာ မျိုးချစ်များ အဖြစ်နှင့် မဟုတ်ဘဲ ဓားပြ လူဆိုးများ အဖြစ်နှင့်သာ ပြောဆိုလေ့ ရှိကြသည်။ မည်သို့ ဖြစ်စေ အရည်အချင်းနှင့် ပြည့်စုံသော ဗမာ့သားကောင်း ဗိုလ်မြတ်ထွန်း ကဲ့သို့သော ခေါင်းဆောင်မျိုးကို မူကား မြန်မာ့ မျိုးချစ် ပုဂ္ဂိုလ် တဦးအနေဖြင့် အသိအမှတ် မပြုဘဲ မနေနိုင်တော့ချေ။ ဗိုလ်မြတ်ထွန်း အကြောင်းကို ဒါလဟိုဇီက လူပေါင်း ၄,ဝဝဝ ကို အုပ်ချုပ်၍ ဗြိတိသျှတို့၏ တိုက်ခိုက်ခြင်းကို သုံးကြိမ်တိုင်တိုင် တွန်းလှန်နိုင်ကာ ဗြိတိသျှတို့ အသက်ပေါင်း များစွာ ကျဆုံးပြီးမှ အရေးနိမ့်ရသဖြင့် ခေါင်းဆောင်ကောင်း တဦး အဖြစ် လည်းကောင်း၊ စစ်သားကောင်း တဦး အဖြစ် လည်းကောင်း၊ လေးစား အပ်သည်ဟု မှတ်ချက် ရေးသား ထားလေသည်။ ၁၈၅၇ ခုနှစ်တွင် ကရင် မင်းလောင်း တဦးက ခေါင်းဆောင်၍ သူပုန်ထရာ မြစ်ဝက္ဆွန်းပေါ် တခွင်လုံးသို့ ပျံ့နှံ့သွား၍ ပဲခူးဒေသတွင် ဗြိတိသျှတို့သည် ငြိမ်ဝပ် ပိပြားစေရန် ရှစ်နှစ် နီးပါး ဆောင်ရွက် ခဲ့ရလေသည်။
ဗြိတိသျှတို့က မိမိတို့၏ အုပ်ချုပ်ရေးကို အန်တုခြင်း မပြုနိုင်စေရန် မြန်မာနိုင်ငံ အောက်ပိုင်း၌ ကြိုးစား နေကြဆဲ အချိန်တွင် မင်းတုန်းမင်းသည် ကုန်းဘောင်မင်းတို့တွင် အတိုးတက်ဆုံးနှင့် အရည်အချင်း အပြည့်ဆုံးသော မင်းတပါး အဖြစ်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်း၌ ဆောင်ရွက်လျက် ရှိလေသည်။ မင်းတုန်းမင်းသည် နောင်အရှည် ဆက်လက်၍ ဥရောပ တိုက်သားတို့၏ စစ်အင်အားကို မြန်မာတို့ ဘက်ပြိုင်နိုင်စွမ်း မရှိဟု ဆုံးဖြတ်ထားဟန် တူလေသည်။ မိမိ၏ တာဝန်မှာ ဗြိတိသျှတို့နှင့် ဆက်ဆံရာ၌ ရနိုင်သရွေ့ အကျိုး ဖြစ်ထွန်းအောင် ကြံဆောင်ရမည် ဖြစ်ကြောင်းကိုလည်း နားလည်ဟန် တူသည်။ လတ်မင်းကြီး ဒါလဟိုဇီ ကိုယ်တိုင်က မင်းတုန်းမင်း၏ အကျင့် စာရိတ္တနှင့် နောက်ကြောင်း ရာဇဝင်သည် မင်းတုန်းမင်းအား မြန်မာ ဘုရင်တို့တွင် လိမ္မာရေးခြား အရှိဆုံး၊ စိတ်အရှည်ဆုံး၊ သဘော အကောင်းဆုံး၊ မင်းဖြစ်ကြောင်း ထင်ရှား စေသည်ဟု ရေးမှတ် ထားလေသည်။
ထိုအချိန်၌ ဗြိတိသျှတို့သည် မြန်မာ့ နန်းတော်တွင် ဗြိတိသျှ ကိုယ်စားလှယ် ခန့်ထားရန် တွန့်ဆုတ်လျက် ရှိနေသည်။ သို့သော် မြန်မာတို့၏ အပြုအမူ အကြံအစည်များကို သိရန် လွန်စွာ အရေးကြီးသောကြောင့် အထောက်တော် အရာရှိများ အဖြစ်ဖြင့်၊ ရန်ကုန်မြို့ တရုတ်တန်းရှိ လတ္တာလမ်းဟု နာမည်တွင် ရစ်စေသည့် ကပ္ပတိန် လတ္တာနှင့် အာလံမြို့ဟု နာမည် တွင်ရစ်စေသည့် မေဂျာ အာလံတို့ကို ခန့်အပ် လိုက်လေသည်။ ထိုသူတို့ကို မကျေမနပ် သေး၍ မြန်မာ အမျိုးသမီးနှင့် ထိမ်းမြားသော စကော့လူမျိုး ကုန်သည် သောမတ်စပီးယားကို ငှားရမ်း လိုက်ပြန် လေသည်။ မင်းတုန်းမင်းသည် ဗြိတိသျှနှင့် ဆက်သွယ်မှု ရသည့် အခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင် ထားလေသည်။ အောက်မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းသည် အင်္ဂလိပ် မြန်မာ စစ်ပွဲကြောင့် ပျက်စီးခဲ့ရာ ၁၈၅၃ မှ ၁၈၅၄ ခုနှစ် အတွင်း ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သော ဒေသများတွင် အစာရေစာ ရှားပါး ကြပ်တည်း ခဲ့လေသည်။ မင်းတုန်းမင်းသည် ဘုရင့် အမိန့်ဖြင့် အထက် မြန်မာနိုင်ငံတွင် ထွက်သမျှ ကုလားပဲနှင့် ဂျုံတို့ကို သိမ်းကျုံး ဝယ်ယူရာ၊ ပဲတင်းပေါင်း ၁ဝ,ဝဝဝ နှင့် ဂျုံတင်းပေါင်း ၂ဝ,ဝဝဝ ရသည်။ ပဲကို တင်း ၁ဝဝ လျှင် ကျပ် ၂ဝဝ ဈေးနှင့် လည်းကောင်း၊ ဂျုံကို ကျပ် ၂၅ဝ ဈေးနှင့် လည်းကောင်း၊ ဗြိတိသျှ စစ်တပ်ကို ရောင်းချသည်။ ဤ ရောင်းဝယ်ရေး လုပ်ငန်းဖြင့် မင်းတုန်းမင်းသည် အေးချမ်းစွာ မိမိ တိုင်းပြည်ကို ခေတ်မှီ၍ အင်အား တောင့်တင်းသော နိုင်ငံ အဖြစ်သို့ ရောက်စေရန် လိုလားကြောင်း၊ ထင်ရှား စေခဲ့သည်။ နောက်ဆုံးတွင် ဗြိတိသျှတို့သည် ခရိုင်းမီးယန်း စစ်ပွဲနှင့် အိန္ဒိယ တပ်တွင်း ထောင်ထားမှုတို့ကြောင့် အခက်အခဲ ကြုံတွေ့ရသော အခါ မင်းတုန်းမင်းသည် ဗြိတိသျှကို ရန်မမူ ငြိမ်းအေးစွာပင် နေခဲ့သဖြင့် မင်းတုန်းမင်း၏ သဘောထား အမှန်ကို ပေါ်လွင် စေခဲ့သည်။
ပြည်တွင်း ပြုပြင် ပြောင်းလဲမှုများ။
မင်းတုန်းမင်း၏ ပြုပြင် ပြောင်းလဲမှုများမှာ များပြား လှသည်။ ၎င်းတို့မှာ နိုင်ငံတော် အစိုးရ အတွက် တာဝန် ကျြွေ့ပန်ရန်နှင့်၊ ဝတ္တရားများ ဆောင်ရွက်ရာ၌ စရိတ်စက သက်သာ ချောင်ချိစေရန် ဟူသော ဝါဒနှင့် ကိုက်ညီခွင့် ရကြလေသည်။
မင်းတုန်းမင်း၏ အကြံအစည်ကို ပထမ အကြိမ် ရောင်းဝယ် ဖောက်ကားမှုက အကောင်အထည် ပေါ်စေခဲ့သည်။ စက်မှု လက်မှု ကုန်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး တို့ကိုလည်း နိုင်ငံ အစိုးရပိုင် ပြုလုပ်လေသည်။ မင်းတုန်းမင်း၏ အဓိက ရည်ရွယ်ချက်မှာ အခွန်တော် ကောက်ခံခြင်းကို ဖျက်သိမ်းရန် ဖြစ်လေသည်။ သို့သော် လုပ်ငန်း အရပ်ရပ်များ မတွင်ကျယ်သေးမီ အခြေခံ ကိစ္စများကို ဆောင်ရွက်ရလေသည်။
၁၈၅၄ ခုနှစ်တွင် တနိုင်ငံလုံး၌ သုံးစွဲသော အချိန်အတွယ် အတိုင်းအတာများကို ဘိုးတော်ဘုရား လက်ထက်က သုံးခဲ့သည့် အတိုင်း စံပြု သုံးစွဲရမည်ဟု အမိန့် ထုတ်ပြီးနောက် အချိန်အတွယ် အတိုင်းအတာ နမူနာများကို နိုင်ငံအနှံ့ ဝေငှ ဖြန့်ချီလေသည်။ ၁၈၅၇ ခုနှစ်တွင် ဂေါတမ ဗုဒ္ဓ ပွင့်တော်မူစဉ်က စ၍ အများပြည်သူတို့သည် အခွန်တော်ကို ဆယ်ဘို့တဘို့ ဆက်သ ခဲ့ရသည့် နည်းအတိုင်း ပြည်သူ ပြည်သားတို့ထံမှ အခွန်တော်ဖြင့် ၁ဝ ရာခိုင်နှုန်းသာ ကောက်ယူမည် ဖြစ်၍ မည်သည့် အရာရှိကမျှ တိုင်းသူ ပြည်သားတို့ထံမှ ထိုထက်ပို၍ ကောက်ယူခြင်း မပြုရဟု အမိန့် ထုတ်ပြန် လိုက်သည်။ တဖြည်းဖြည်းဖြင့် ဤစနစ်သည် အထက် မြန်မာနိုင်ငံ တခွင်လုံးတွင် ပျံ့နှံ့ သွားလေသည်။ မင်းမှုထမ်းတို့အား လခပေးသည့် စနစ်ကိုလည်း စတင် တီထွင်လေသည်။ ဤ စနစ်မှာ တံစိုး လက်ဆောင် စားတတ်သည့် အလေ့ကို လုံးဝ ပယ်ဖျက်နိုင်ခြင်း မရှိသော်လည်း အများ ပြည်သူတို့အား မည်မျှ ပေးသင့် မပေးသင့်ကို ရှင်းလင်းစွာ သိမြင်စေသည်။ ၁၈၆၅ ခုနှစ်၌ မန္ဈလေး နန်းမြို့တော် အတွင်းတွင် ဒင်္ဂါးသွန်း စက်ရုံတခု တည်၍ အရွယ် အလေးချိန် ငွေသား တညီတည်း ဖြစ်သော ဒေါင်းဒင်္ဂါးများကို သွန်းလုပ် စေသည်။ ဤသို့ဖြင့် အုပ်ချုပ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကို ပိုမို တွင်ကျယ် စေခဲ့လေသည်။
လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းတွင် မင်းတုန်းမင်းသည် အထူး ဝါယမ စိုက်ထုတ်ကာ ငွေကုန် ကြေးကျ အတန်များများ ခံခဲ့လေသည်။ ဗြိတိသျှ တို့သည်လည်း မိမိတို့ ပိုင်နက် ဖြစ်သော အောက်မြန်မာ နိုင်ငံတွင် လမ်းပန်း ဆက်သွယ်ရေး တိုးတက်မှု အတွက် ကြိုးပမ်း ကြလေသည်။ ဧရာဝတီနှင့် စစ်တောင်း မြစ်ဝှမ်းတို့တွင် မီးရထားလမ်းများ ဖောက်လုပ် ကြသည်။ ရန်ကုန်၊ ပြည် မီးရထားလမ်းသည် ၁၈၇၇ ခုနှစ်တွင် ပြီးစီးလေသည်။ အစိုးရ သင်္ဘောများကို ဝယ်ယူလိုက်သည့် ကုမ္ပဏီငယ်ကိုလည်း ၁၈၆၈ ခုနှစ်တွင် ဧရာဝတီ သင်္ဘော ကုမ္ပဏီ အမည်ဖြင့် အစိုးရမှ အသိအမှတ် ပြုလိုက်လေသည်။ ဦးစွာ ပထမ မန္ဈလေးသို့ တပတ်တခါ သင်္ဘော ထွက်စေ၍ ဗန်းမော်သို့ တလ တကြိမ် ထွက်စေသည်။ ၁၈၇၅ ခုနှစ်တွင် ကုမ္ပဏီက သင်္ဘောသစ် ၅ စင်း နှင့် ကုန်တွဲ ၆ စင်းကို မြန်မာနိုင်ငံသို့ တင်သွင်းလေသည်။ အောက်မြန်မာနိုင်ငံ၌ ရခိုင်နှင့် တနင်္သာရီ ဒေသများရှိ ဆိပ်ကမ်း မြို့ငယ်များ ကိုလည်း ဗြိတိသျှ အိန္ဒိယ မီးသင်္ဘော ကုမ္ပဏီပိုင် သင်္ဘောများဖြင့် ရန်ကုန်နှင့် ကူးလူး ဆက်ဆံ ခဲ့လေသည်။ ပီနန်နှင့် စင်္ကာပူ သို့လည်း သင်္ဘော မှန်မှန် ထွက်စေ ခဲ့လေသည်။ ၁၈၇၁ ခုနှစ်တွင် အီဂျစ် နိုင်ငံ၌ စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးသော အခါ ဥရောပမှ သင်္ဘောများသည် မြန်မာနိုင်ငံသို့ တိုက်ရိုက် ပေါက်ရောက် လာကြလေသည်။ မင်းတုန်းမင်းသည် သင်္ဘောကြီး ၅ စင်းကို ဝယ်ယူကာ သင်္ဘောငယ်ပေါင်း များစွာလည်း လက်ဝယ် ရှိလေသည်။ ထိုမျှမက ကုန်သည်များ၏ လှေငယ်များကိုလည်း ငှားရမ်း အသုံးပြု နိုင်လေသေးသည်။
မင်းတုန်းမင်းသည် ကြေးနန်း စနစ်၏ တန်ခိုးကို နားလည်သူ ဖြစ်သည့် အတွက် မြန်မာ လူငယ်များကို ကြေးနန်းရိုက် အတတ် သင်ကြားရန် အမိန့် ထုတ်သည်။ မကြာမြင့်မီ မို့စ်ကုဒ် စနစ်ကို အခြေခံပြု၍ ကြေးနန်းပို့သည့် စနစ်ကို သင်ကြားစေကာ မြန်မာ စာလုံးဖြင့် မို့စ်ကုဒ် စနစ်ကို တီထွင်လေသည်။ မင်းတုန်းမင်းသည် မြန်မာ့ သယံဇာတ ပစ္စည်းများကို အပြည့်အဝ အသုံးချနိုင်အောင် ပြုလုပ်၍ လိုသမျှ ပစ္စည်းကို ထုတ်လုပ်နိုင်လျှင် မြန်မာနိုင်ငံသည် ပြင်ပမှ ကုန်ပစ္စည်းများကို အားကိုးနေရန် မလိုဟု ကောင်းစွာ သဘောပေါက် လေသည်။
မင်းတုန်းမင်းသည် စောစီးစွာပင် မြန်မာနိုင်ငံသည် လယ်ယာလုပ်ငန်းနှင့် ကုန်ကြမ်းထွက် သတ္ထု တူးဖော်ရေး လုပ်ငန်း၊ သစ်လုပ်ငန်း များကိုသာ အားကိုး နေလျှင် ကုန်ထုတ်လုပ်ရေးတွင် လည်းကောင်း၊ လူနေမှု အဆင့်အတန်းတွင် လည်းကောင်း၊ လွန်စွာ နိမ့်ကျမည်ကိုလည်း သိနားလည်ဟန် တူလေသည်။ ထို့ကြောင့် စက်မှု လုပ်ငန်း အတွက် စက်ရုံ အမျိုးမျိုးကို ဥရောပမှ စက်ကိရိယာ ပစ္စည်းများဖြင့် တည်ဆောက်စေကာ တခါတရံ ဥရောပ တိုက်သားများကိုပင် ငှားရမ်း အုပ်ချုပ် စေခဲ့သည်။ စက်ရုံများမှာ အထည်အလိပ် (အထူးသဖြင့် ဝါဂွမ်းနှင့် ပိုး) ရက်လုပ်သည့် စက်ရုံများနှင့် ချိပ်၊ ရှား၊ မဲနယ်ချက်ရုံ၊ သကြားစက်၊ လွှစက်၊ ဆန်စက်၊ ဂျုံစက်တို့ အပြင် သေနတ်နှင့် အမြောက် သွန်းလုပ်သော စက်ရုံများ ဖြစ်လေသည်။ ၁၈၇၂ ခုနှစ်သို့ ရောက်သော် အမျိုးမျိုးသော စက်ရုံပေါင်း ၅ဝ မက တည်ဆောက်ပြီး ဖြစ်လေသည်။ မင်းတုန်းမင်းသည် စက်ရုံ လုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်း ဆောင်တာ မှန်သမျှကို မိမိ စိတ်ချ ယုံကြည်ရသော မက္ခရာ မင်းသားကြီးအား အပ်နှင်းသည်။
ကူးသန်း ရောင်းဝယ်ရေး စီမံကိန်း။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ကုန်သည်များနှင့် ပြိုင်ဆိုင် နိုင်လောက်အောင် အရင်းအနှီး တောင့်သူမှာ မင်းတုန်းမင်း တပါးသာလျှင် ရှိလေသည်။ မင်းတုန်းမင်းသည် ပြည်တွင်း ပြည်ပ ရောင်းဝယ်ရေး နှစ်ခုစလုံးကို ဆောင်ရွက် လေတော့သည်။ မင်းတုန်းမင်းသည် နိုင်ငံပ ကူးသန်း ရောင်းဝယ်မှုကို ချဲ့ထွင်ရန် ယူနန်နှင့် ကုန်ကူးသန်းမှုကို အားပေးခြင်း၊ အိန္ဒိယနှင့် ပါရှား နိုင်ငံများသို့ သံ စေလွှတ်ခြင်း၊ စပိန်၊ အီတလီ၊ ပြင်သစ်တို့နှင့် စီးပွားရေး အားဖြင့် လည်းကောင်း၊ နိုင်ငံရေး အားဖြင့် လည်းကောင်း၊ ဆက်သွယ်မှု ရရန် ကြိုးစားခြင်း စသည်တို့ကို ပြုခဲ့သည်။
တိုင်းသူ ပြည်သားတို့၏ သဘောတွင် ကူးသန်း ရောင်းဝယ်ရာ၌ ဘုရင် လက်ဝါးကြီးအုပ်သည့် စနစ်သည် ကာကွယ်မှုကို ပေးထားသည်ဟု ယူဆ ကြလေသည်။ ပြည်တွင်း ရောင်းဝယ်မှုနှင့် ပြည်တွင်း ကုန်ထုတ်လုပ်ရေးမှာ အခွန်မဲ့ ဖြစ်လေသည်။ အများ ပြည်သူတို့သည် မိမိတို့ နှစ်သက်ရာကို စိုက်ပျိုးနိုင်၍ ပြည်တွင်း ဈေးများတွင် လွတ်လပ်စွာ ရောင်းချနိုင်ခွင့် ရှိသည်။ နယ်စပ် ဒေသများကို ကျော်လွန်၍ အရေးကြီးသော ကုန်ပစ္စည်း တခုကို ရောင်းချလိုလျှင် ဘုရင့် ကိုယ်စားလှယ်မှ တဆင့် ဖြစ်စေ၊ လိုင်စင် ရထားသော ကိုယ်စားလှယ်မှ တဆင့် ဖြစ်စေ၊ ရောင်းချရခြင်း သာလျှင် ချုပ်ချယ်မှု တရပ် ဖြစ်လေသည်။ အောက်မြန်မာနိုင်ငံတွင် ဘုရင် ကိုယ်စားလှယ်တော်များသည် ကုန်တင်သွင်း သူများထံမှ အလုံးအရင်း ချုပ်၍ ဖြစ်စေ၊ မြန်မာ လယ်သမားများ ထံမှ တိုက်ရိုက် ဖြစ်စေ၊ ဈေးသက်သာစွာဖြင့် ဝယ်ယူသည်။ အွေ့ကးပင် ရနိုင်သေးသည်။ မြန်မာ့ ကိုယ်စားလှယ်များသည် ရန်ကုန် ပေါက်ဈေးကို ကြိုက်နှစ်သက်ခြင်း မရှိပါက မဒရပ်နှင့် ကာလကတ္တားမြို့များမှ တိုက်ရိုက် ဝယ်ယူနိုင်ခွင့် ရှိလေသည်။
ခြုံ၍ ကြည့်သော် မင်းတုန်းမင်း၏ စီးပွားရေး စီမံကိန်းသည် အောင်မြင်သည်ဟု ဆိုရာသည်။ အထက် မြန်မာနိုင်ငံ ထွက်ကုန်၊ ဝင်ကုန် ပစ္စည်း တန်ဖိုးမှာ
ထွက်ကုန်တန်ဖိုး ဝင်ကုန်တန်ဖိုး
၁၈၅၈ - ၁၈၅၉ ၃၁.၉ သိန်း ၃၉.၈ သိန်း
၁၈၆၅ - ၁၈၆၆ ၇၂.၅ သိန်း ၈၃.၄ သိန်း
၁၈၇၇ - ၁၈၇၈ ၂ဝဝ.ဝ သိန်း ၁၇၇.၆ သိန်း
ဖြစ်လေသည်။
မင်းတုန်းမင်း၏ နန်းသက် ကုန်ဆုံးချိန်တွင် မြန်မာ့ ကုန်ကူးသန်း ရောင်းဝယ်ရေး၏ တန်ဖိုးသည် ၅ ဆ တိုးခဲ့၍ အထက် မြန်မာနိုင်ငံသည်လည်း အခြေလှ၍ လာတော့သည်။ မင်းတုန်းမင်း၏ အောင်မြင်မှုကို ဥရောပ တိုက်သားတို့ မရှုစိမ့် ကြတော့ချေ။ အကြောင်းကြောင်းတို့ကို ထောက်၍ အထက် မြန်မာနိုင်ငံတွင် လွတ်လပ်သော ဘုရင် စိုးစံ နေခြင်းသည် မိမိတို့ အတွက် ရနိုင်သမျှသော အမြတ်အစွန်းကို မရစေရန်၊ ဟန့်တား ပိတ်ပင်ခြင်း ဖြစ်သည်ဟု မှတ်ထင်လာကြသည်။
ဥပမာ ဆိုသော် အောက်မြန်မာ နိုင်ငံက ၅ ကျပ်ဈေး ပေး၍ ဝယ်ယူရသော ရေနံချေးကို မြန်မာဘုရင်က ၂ ကျပ်ခွဲ ဈေးဖြင့် ဝယ်ထားကြောင်း သိရသည်။ ၂၅ ကျပ်ဈေးနှင့် ရနိုင်သော ဝါဂွမ်းကို မြန်မာ ဘုရင့်ထံမှ ၃၅ ကျပ် ဈေးနှင့် ဝယ်ယူရသည်။ ခဲမှာ ၇ ကျပ် ဈေးရင်း ရှိသော်လည်း ၁၅ ကျပ် ဈေးနှင့် ဝယ်ရသည်။ မဒရပ်နှင့် အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ငတ်မွတ် ခေါင်းပါးခြင်းဘေး ဆိုက်ကပ်သော အခါ ဆန်ကို အမြတ်အစွန်း များစွာနှင့် တင်ပို့နိုင်သည့် အချိန်တွင် ဘုရင့် ကိုယ်စားလှယ်များက ဝယ်ယူပြီး ဖြစ်နှင့်သောကြောင့် မကျေမနပ် စိတ်ဓာတ် ပွားများလာသည့် ကုန်သည်စု နှင့်အတူ ဗြိတိသျှ အစိုးရသည်လည်း မကျေမချမ်း ဖြစ်၍ လာသည်။ အကယ်၍ အထက် မြန်မာနိုင်ငံသာ ဗြိတိသျှတို့ ပိုင်နက် နိုင်ငံ အတွင်း၌ ပါဝင်ခဲ့လျှင် ဗြိတိသျှ ကုန်သည်စု အဖို့ ကူးသန်း ရောင်းဝယ်ရေး တွင်ကျယ်လာ၍ အမြတ်အစွန်း ပိုမို ရနိုင်မည် ဟူသော အတွေးသည် အလျင်အမြန် ပေါက်ဖွားလာ ခဲ့လေသည်။
နိုင်ငံခြားနှင့် ဆက်သွယ်ရေး။
မင်းတုန်းမင်းသည် မြန်မာနိုင်ငံတွင် စီးပွားရေး ဖူလုံရန် ကြိုးစားမှု တခုတည်းကိုသာ ပြုလုပ်ခဲ့သည် မဟုတ်ချေ။ မိမိနှင့် မင်းပြိုင်ဖြစ်သော ယိုးဒယားဘုရင် မဟာမောင်းကွတ် ကဲ့သို့ မြန်မာ့ လွတ်လပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုရန် လိုအပ်ကြောင်း ကောင်းစွာ သဘောပေါက်ခဲ့သည်။
၁၈၅၅ ခုနှစ်တွင် နန်းမတော် မိဖုရားကြီးနှင့် အပေါင်းသင့်သော မင်းကြီး မဟာမင်းခေါင်ရာဇာအား သံအဖွဲ့ကို ခေါင်းဆောင်စေ၍ ဗြိတိသျှ ဘုရင်ခံချုပ် ရှိရာ ကာလကတ္တားမြို့သို့ စေလွှတ် လိုက်သည်။ သံအဖွဲ့ကို ကာလကတ္တား၌ ကောင်းစွာ ပြုစု ဧည့်ခံသော်လည်း ဒါလဟိုဇီသည် မြန်မာမင်းထံ ပဲခူးကို ပြန်လည် ပေးအပ်ရန် အရေးကို လက်ခံ ဆွေးနွေးခြင်း လုံးဝ မပြုချေ။ နေ အထွက် အဝင် ရှိနေသမျှ ကာလပတ်လုံး ဗြိတိသျှ ပိုင်နက် အတွင်းတွင် ပဲခူးသည် တည်မြဲလျက် ရှိရမည်ဟု မြန်မာသံတို့အား ပြောကြား လိုက်လေသည်။ မြန်မာ သံအဖွဲ့ ပြန်သောအခါ အာသာဖယ်ရာ ခေါင်းဆောင်သော ဗြိတိသျှ သံအဖွဲ့ကို မြန်မာနိုင်ငံသို့ အပြန်အလှန် စေလွှတ်သည်။ ဗြိတိသျှ သံအဖွဲ့ကို မြန်မာတို့ကို အတတ်နိုင်ဆုံး ပြုစုကြ၍ ကူးသန်း ရောင်းဝယ်ရေး စာချုပ်တခု ချုပ်ဆို ဖြစ်ကြလေသည်။ ထိုစာချုပ် အရ ဧရာဝတီမြစ် တလျှောက်လုံးတွင် ဗြိတိသျှ ကုန်သည်တို့အား ကူးသန်း ရောင်းဝယ်ခွင့် ပေးလေသည်။ အပြန်အလှန် အားဖြင့် နယ်စပ် အကောက်အခွန်များ လျော့ပေါ့ရေးနှင့် အထက် မြန်မာနိုင်ငံသို့ ပဲခူးမှ ဆန်တင်ပို့ရေးနှင့် ပတ်သက်သော အင်္ဂလိပ် မြန်မာ နယ်စပ် အခွန် ကောက်ခံရေး တို့ကိုလည်း ထည့်သွင်း ချုပ်ဆိုလေသည်။
၁၈၅၇ ခုနှစ်တွင် ယိုးဒယားနှင့် ချစ်ကြည်စွာ ဆက်ဆံကြောင်း အထိမ်းအမှတ် အဖြစ်ဖြင့် ယိုးဒယား သာသနာပိုင် ဆရာတော်ထံ ဆက်ကပ်ရန် အလှူ ပစ္စည်းနှင့် အဖွဲ့ တဖွဲ့ကို စေလွှတ်လိုက်သည်။ ယိုးဒယား ဘုရင်ကလည်း မြန်မာ သာသနာပိုင်ထံ လှူဖွယ် ပစ္စည်းများကို ပြန်လည် ဆက်ကပ် လိုက်လေသည်။
၁၈၆၂ ခုနှစ်တွင် ဗြိတိသျှတို့သည် အမြဲတမ်း ကိုယ်စားလှယ် တဦးကို မြန်မာတို့ နေပြည်တော်၌ နေထိုင်ရန် တကြိမ် ထပ်မံ စေလွှတ်ပြန်သည်။ ယခု တကြိမ်တွင် နေပြည်တော်မှ မန္ဈလေးမြို့ ဖြစ်သည်။ ၁၈၅၇ ခုနှစ်၌ မင်းတုန်းမင်းသည် မန္ဈလေးသို့ ရွှေ့ပြောင်း နန်းစံခဲ့သည်။ ဖယ်ယာ၏ ရာထူးကို ဆက်ခံသော ဖိုက်ခ်ျနှင့် မြန်မာ အစိုးရတို့သည် ၁၈၆၇ ခုနှစ်တွင် ကူးသန်း ရောင်းဝယ်ရေး စာချုပ်သစ် တရပ်ကို ချုပ်ဆို ပြန်လေသည်။ စာချုပ် အနေအားဖြင့် အရေးမကြီးလှ သော်လည်း စာချုပ်ပါ အချက်များကို ထောက်ထားခြင်းဖြင့် ဗြိတိသျှတို့၏ တင်းမာလာသော သဘောထားကို ထင်ရှားစွာ သိမြင်ရသည်။ ဗန်းမော်မှ တဆင့် တရုတ် နိုင်ငံနှင့် ကူးသန်း ရောင်းဝယ်လိုသည့် ဆန္ဒမှ ဗြိတိသျှတို့တွင် တနေ့တခြား စွဲလန်း လာခဲ့ရာ၊ ဗြိတိသျှတို့သည် တရုတ်နှင့် ကူးသန်းရေး ဖြစ်ထွန်းစေမှုကို ဆောင်ရွက်ရန် အတွက် ဗန်းမော်တွင် ဗြိတိသျှ နိုင်ငံရေး ကိုယ်စားလှယ် တဦး ထားရန် စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်း တလျှောက်တွင် အခြား ဥရောပ နိုင်ငံကြီးများ အပြိုင်အဆိုင် ကုန်ကူးသန်းလျက် ရှိခြင်းကြောင့် ဗြိတိသျှတို့သည် ဤသို့သော ဆန္ဒ ပေါ်လာခြင်း ဖြစ်လေသည်။ ဖိုက်ခ်ျနှင့် ချုပ်ဆိုသော စာချုပ်အရ၊ မြန်မာတို့သည် ဗြိတိသျှ မြန်မာနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး၏ ခွင့်ပြုချက်ဖြင့် လက်နက် ခဲယမ်းများကို သွင်းခွင့် ရရှိရာ၊ ၎င်း စာချုပ်နှင့် အတူ ပူးတွဲပါသည့် အချက်တွင် ဝန်ရှင်တော် မင်းကြီးကလည်း ယေဘူယျ အားဖြင့် တင်သွင်းခွင့်ကို ပေးမည်ဖြစ်ကြောင်း ဝန်ခံချက် ပါလေသည်။ သို့သော် လက်တွေ့အားဖြင့် လက်နက်များ တင်သွင်းရန် လျှောက်လွှာ တင်သော အခါ ဗြိတိသျှတို့သည် ပြောင်ပြောင်တင်းတင်းပင် ကတိ ဖောက်ဖျက်ကာ ငြင်းပယ် လိုက်လေသည်။
အိန္ဒိယရှိ ဗြိတိသျှ အာဏာပိုင်များနှင့် ဆက်သွယ်မှုမှာ ကျေနပ်ဖွယ် မရှိသဖြင့်၊ အင်္ဂလန် နိုင်ငံရှိ ဗြိတိသျှ အစိုးရနှင့် တိုက်ရိုက် ဆက်ဆံခြင်း ပြုလျှင် ပိုမို သင့်လျော်မည်ဟု ယူဆကာ မင်းတုန်းမင်းသည် အင်္ဂလန်သို့ သံအဖွဲ့ တဖွဲ့ စေလွှတ်လေသည်။ ၁၈၇ဝ ပြည့်နှစ်တွင် ကင်းဝန်ထောက်မင်းကြီး မဟာစည်သူကို အဂ္ဂမဟာ သေနာပတိ ဝန်ကြီး သုံးပါးတွင် တပါး အပါအဝင် အဖြစ် ချီးမြှင့်ပြီးလျှင် သံအဖွဲ့ကို ခေါင်းဆောင်စေ၍ ဥရောပ နိုင်ငံများသို့ စေလွှတ်လေသည်။
သံအဖွဲ့၏ ခရီးစဉ်ကို မှတ်တမ်းတင်သည့် "ကင်းဝန်မင်းကြီး မှတ်တမ်း" သည် မြန်မာ စာပေ သမိုင်းဝင် စာပေ ဖြစ်လေသည်။ ထို မှတ်တမ်းကို ထောက်၍ ကင်းဝန်မင်းကြီးသည် ဥရောပ နိုင်ငံကြီးများ၏ နိုင်ငံရေးနှင့် စက်မှုလက်မှု မည်မျှ ကြီးမားပုံကို စေ့ငှစွာ သတိမူ ဂရုပြုတတ်သည့် အရည်အချင်းနှင့် ပြည့်စုံရုံမျှမက၊ အဆင့်အတန်း မြင့်သော နိုင်ငံ ခေါင်းဆောင် အရည်အချင်း ရှိသူ ဖြစ်ကြောင်း ထင်ရှားလေသည်။ မြန်မာတို့သည် နိုင်ငံတကာနှင့် သင့်မြတ်စွာ ဆက်ဆံရေးကို လိုလားကာ နိုင်ငံတကာ၏ အသိအမှတ် ပြုရေးကို မွတ်သိပ်စွာ လိုလားလျက် ရှိကြောင်းကိုလည်း သိနိုင်လေသည်။ ထို့ပြင် နယ်ချဲ့ နိုင်ငံကြီးများ၏ စစ်အင်အားကို အမီလိုက်ရမည့် ဤ ခေတ်အခါတွင် မိမိတို့ နိုင်ငံတခုလည်း အထီးတည်း ရပ်တည်နေပါက အန္ဈရာယ် များလှသည်ကို သဘောပေါက် ကြကြောင်းကိုလည်း သိရလေသည်။
သံအဖွဲ့သည် လမ်းခရီးတွင် ရပ်တန့်သည့် အခါတိုင်း မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံ အဖြစ် ရပ်တည်နေကြောင်း ထင်ရှားစေရန် ကြိုးစား ခဲ့လေသည်။ မြန်မာနိုင်ငံနှင့် အဆက်အသွယ် ပြုရန်လည်း စကား ကမ်းလှမ်းသည်။ သို့သော် ထိုအချိန် အခါက ကမ္ဘာတွင် အင်အား အကြီးဆုံး ဖြစ်နေသော ဗြိတိသျှ နိုင်ငံက မြန်မာနိုင်ငံကို သိမ်းပိုက်ရန် လျာထားသည်ကို သိပြီး ဖြစ်နေကြ သောကြောင့် အခြား ဥရောပ နိုင်ငံများသည် မြန်မာတို့နှင့် ဆက်သွယ်ရန် နှောင့်နှေးလျက် ရှိကြသည်။
အင်္ဂလန်သို့ ရောက်ရှိခြင်းဖြင့် မြန်မာတို့ မျက်စိ ပွင့်ခဲ့ကြလေသည်။ အင်္ဂလန်ပြည့်ရှင် ဘုရင်သည် ပြည်သူ့ ကိုယ်စားလှယ်များ၏ အကြံဉာဏ် ပေးချက်များကို ငြင်းဆိုနိုင်ခြင်း မရှိသည်ကို သိမြင် လာကြသည်။ ဥပဒေဖြင့် အုပ်ချုပ်ရသော အင်္ဂလန် ပြည့်ရှင် ဘုရင်မကြီးသည် မှူးမတ်ကြီးများ၏ အကြံပေး လျှောက်ထားချက် အရ မြန်မာ သံအဖွဲ့ကို ပြေပြစ် ကြည်သာစွာ လက်ခံ ခဲ့သော်လည်း မိမိ၏ အင်ပါယာကို ချဲ့ထွင် နေသည့် ဗြိတိသျှ အမှုထမ်းတို့က မြန်မာနိုင်ငံအား ခြိမ်းခြောက် နေမှုကိုမူ သက်သာ လျော့ပါးစေရန် စွမ်းဆောင်ခြင်း မပြုနိုင်ကြောင်းကို မြန်မာ သံအဖွဲ့က တွေ့ကြုံ ခဲ့လေသည်။
ဗြိတိသျှတို့သည် မြင်ကွန်း၊ မြင်းခုံတိုင်၊ မင်းသား နှစ်ပါး၏ ထီးနန်း လုပ်ကြံမှုကို အချက်ကောင်း ယူ၍ မြန်မာနိုင်ငံတွင် ဝင်ရောက် စွက်ဖက်မည့် အန္ဈရာယ်ကလည်း ရှိလေသည်။ မင်းသား နှစ်ပါးတို့သည် ၁၈၆၆ ခုနှစ်၊ သြဂုတ်လတွင် ပုန်ကန်ကြရာ အောင်မြင်ခြင်း မရှိသည့် အတွက် ဗြိတိသျှ ပိုင်နက် အတွင်းသို့ ထွက်ပြေး ခိုလှုံလေသည်။ ဗြိတိသျှ ပိုင်နက်တွင် အကျယ်ချုပ် သဘောဖြင့် သက်ရောက်နေရာ ၁၈၆၇ ခုနှစ်တွင် အကျယ်ချုပ်မှ ထွက်ပြေး၍ ထီးနန်းကို တကြိမ် လုပ်ကြံကြ ပြန်သည်။ ၁၈၈၁ ခုနှစ်နှင့် ၁၈၈၂ ခုနှစ်များတွင် ပုန်ကန်မှု ထပ်မံ ပေါ်ပေါက်ပြန်၍ မင်းသား နှစ်ပါး၏ နောက်လိုက်များမှာ အသုတ်လိုက် ကွပ်မျက်ခြင်း ခံရလေသည်။ ဤတွင် ဗြိတိသျှတို့သည် ရိုင်းစိုင်း ရက်စက်လှသည့် အထက်မြန်မာနိုင်ငံ အစိုးရကို ဖြုတ်ချ၍ ဗြိတိသျှ အုပ်ချုပ်ရေး၌ သွတ်သွင်းရန် သင့်သည်ဟုွွေ့ကးကြော် အရေးဆို ကြတော့သည်။
ဗြိတိသျှတို့နှင့် သင့်တင့်ရန် ကြိုးစားမှုတွင် မင်းတုန်းမင်း ကဲ့သို့ မည်သည့် မြန်မာမင်းကမျှ မပြုခဲ့ဘူးချေ။ သို့သော် ထိုသို့ ကြိုးစားရာ၌ မြန်မာ ဘုရင်တို့၏ ဂုဏ်သိက္ခာနှင့် အသရေကို ထိခိုက်စေမည့် အမှုမျိုးကိုကား မင်းတုန်းမင်းသည် ရှောင်ရှား ခဲ့လေသည်။
၁၈၇၅ ခုနှစ်တွင် မန္ဈလေးသို့ ရောက်နေသော ဗြိတိသျှ သံအဖွဲ့ ခေါင်းဆောင် ဖော်ဆိတ်သည် နန်းတွင်းသို့ ဖိနပ်စီး၍ မဝင်ရသော နန်းတွင်း အစဉ်အလာကို ကန့်ကွက်ခြင်း ပြုလေသည်။ အိန္ဒိယရှိ ဗြိတိသျှ ဘုရင်ခံချုပ် အသစ်ကလည်း ဗြိတိသျှ ကိုယ်စားလှယ်များ မြန်မာ နန်းတော်တွင်းသို့ ဝင်ရောက်သော အခါ ဖိနပ်ခ္ဆွတ်ရသည့် အစဉ်အလာကို ရပ်တန့်သင့်ပြီဟု အရေးဆိုသည်။ ထိုနေ့မှ စ၍ မင်းတုန်းမင်းသည် ဗြိတိသျှ ကိုယ်စားလှယ်ကို ဖူးမျှော်ခွင့် မပေးတော့ချေ။
နိုင်ငံ၏ လွတ်လပ်ရေး တည်တံ့ရန် ကြိုးပမ်းခြင်း။
မင်းတုန်းမင်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအား ထိပါးလာသည့် အန္ဈရာယ်များကို ဖယ်ရှား၍ လွတ်လပ်ရေး တည်တံ့ရန် ခေါင်းဆောင် ကြိုးပမ်းလေသည်။ မြန်မာနိုင်ငံသည် အချုပ်အချာ လွတ်လပ်သော နိုင်ငံ ဖြစ်ကြောင်းကို ကမ္ဘာက သိအောင် အားထုတ်ခဲ့သည်။ သို့ရာတွင် ပြည်ထောင် အချင်းချင်း အဆက်အသွယ် အကူးအသန်း ခက်ခဲမှုကြောင့် လည်းကောင်း၊ ဗြိတိသျှတို့၏ တန်ခိုးအာဏာက ဟန့်ထား သကဲ့သို့ ရှိသောကြောင့် လည်းကောင်း၊ မင်းတုန်းမင်း၏ အားထုတ်မှု အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ချေ။ ပြည်ထောင် အချင်းချင်း အကူးအသန်း အခက်အခဲ ဝေးလံခြင်းကြောင့် မင်းတုန်းမင်း၏ အားထုတ်မှု အချည်းနှီး ဖြစ်ရခြင်းကို အမေရိကန်နှင့် ဆက်သွယ်ရေးတွင် တွေ့မြင်ရသည်။ အမေရိကန် သမတ ဘူကန္နန်သည် ဂျပန်အား အမေရိကန် ရေတပ်မှူး ပယ်ရီက လက်ဆောင် အဖြစ်ပေးသည့် ရေနွေးငွေ့ဖြင့် မောင်းသော သင်္ဘောမျိုးကို မြန်မာဘုရင် ထံသို့လည်း ပေးသင့်ကြောင်း အမေရိကန် သာသနာပြု ကင်းကိတ်၏ အကြံပေးချက်ကို လက်ခံလေသည်။ သို့သော် မင်းတုန်းမင်းက အမေရိကန် နိုင်ငံသို့ မြန်မာ လူငယ် ၁၂ ဦးခန့် စေလွှတ်လိုသည့် ဆန္ဒကိုမူ တိုင်းပြည်ချင်း ဝေးကွာလွန်းမှု ရှိနေသောကြောင့် ဂရုတစိုက် လိုက်လျော ဖြည့်စွက်ခြင်း မပြုခဲ့ချေ။
မင်းတုန်းမင်း၏ အားထုတ်မှုများသည် အချည်းနှီး ဖြစ်ရသည့် အကြောင်းကို မြန်မာတို့ စေလွှတ်သည့် ကင်းဝန်မင်းကြီး သံအဖွဲ့ အင်္ဂလန် ဆိုက်ရောက်လာစဉ်က စိန့်ဂျိမ်း နန်းတော်၌ ကြိုဆို ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့သော အမေရိကန် သံအမတ်၏ ဝေဖန်ချက်တွင် တွေ့မြင်နိုင်သည်။ "ဤ နန်းတော်သို့ သံတမန်တို့၏ အဆောင်အယောင်ဖြင့် ရောက်လာသော်လည်း ဘုရင်မကြီး ရှေ့မှောက်သို့ သွင်း၍ သဝဏ်လွှာများကို ဆက်သသော အခါ ဗြိတိသျှ နိုင်ငံခြားရေးရာ ဝန်ကြီးက ဖေးမ ဆောင်ရွက်ခြင်း မပြုဘဲ အိန္ဒိယ ပြည်နယ် ဆိုင်ရာ အတွင်းဝန်နှင့် တွဲဖက်၍ အခစား ဝင်ကြရသည်။ ဤအချက်တွင် ထူးခြားသည့် အဓိပ္ပါယ် ပါရှိသည်။ အဓိပ္ပါယ်ကား ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရာ၌ ဂရိတ် ဗြိတိန်၏ အရှေ့တလွှား ပိုင်နက်များ ပေါ်တွင် ထားသော ဝါဒ အရသာလျှင် ဆက်ဆံလို၍ လွတ်လပ်သော နိုင်ငံ တနိုင်ငံ အပေါ်တွင် ထားသော သဘောမျိုး မဟုတ်" ဟု ဝေဖန် ထားလေသည်။
ဗြိတိသျှတို့သည် အထက် မြန်မာနိုင်ငံကို ဗြိတိသျှ အိန္ဒိယ အင်ပါယာ အတွင်းသို့ တနေ့နေ့၌ သိမ်းသွင်းရန် ဝါဒ ချမှတ်ပြီး ဖြစ်၍ အကြောင်းပြ ကောင်းမည့် အချက်နှင့် အခွင့်အခါကိုသာ စောင့်ဆိုင်း နေသည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် ၁၈၇၃ ခုနှစ်တွင် မြန်မာ သံအဖွဲ့သည် အီတလီနှင့် ပြင်သစ် အစိုးရတို့နှင့် သင့်မြတ်ရေး အတွက် လည်းကောင်း၊ ကူးသန်း ရောင်းဝယ်ရေး အတွက် လည်းကောင်း၊ စာချုပ်များကို ချုပ်ဆို နိုင်ခဲ့သော်လည်း ဗြိတိသျှတို့၏ ခြိမ်းခြောက်မှုနှင့် ကျူးလွန်မှုများကို ဟန့်တားနိုင်ခြင်း မရှိသည့် အပြင် ဗြိတိသျှတို့၏ ဝန်တို မိစ္စာ စိတ်ထားကိုပင် နှိုးဆွ ပေးသကဲ့သို့ ဖြစ်ကာ နောက်ဆုံး ခြေလှမ်းကို အမြန် လှမ်းစေ သကဲ့သို့ ဖြစ်ခဲ့လေသည်။
မြန်မာမင်းနှင့် ဗြိတိသျှတို့ နှစ်ဦး နှစ်ဖက်စလုံးသည် ဖိနပ် ပြဿနာဟု ခေါ်သော အရေးတွင် အလျှော့ မပေးကြ သဖြင့် ဗြိတိသျှ အစိုးရနှင့် မြန်မာ ဘုရင်တို့သည် ဆက်သွယ်မှု ပြတ်စဲခဲ့သည်။ ဗြိတိသျှတို့သည် ဒုက္ခ ပေးတော့မည်မှာ ထင်ရှားလှသည်။ သို့သော် မင်းတုန်းမင်းသည် မြန်မာမင်းတို့ အစဉ်အလာ ကျင့်ဝတ် အတိုင်း သာသနာ့ ဒါယကာ ဟူသော ဘွဲ့နှင့်အညီ မြန်မာမှု မြန်မာကိစ္စ တို့ကို ဆက်လက် ဆောင်ရွက်မြဲ ဆောင်ရွက် ခဲ့လေသည်။
ပြည်တွင်း ဆောင်ရွက်မှုများ။
မင်းတုန်းမင်း နန်းတက်သော အခါ ဆရာတော်များနှင့် မှူးမတ် ပညာရှိတို့ကို ပင့်ဖိတ်ပြီးလျှင် မင်း နေပြည်တော်ကို မန္ဈလေးသို့ လျှောက်ထားရန် သင့် မသင့် လျှောက်ထားသည်။ အများက သဘော တူညီကြ သဖြင့် မန္ဈလေးမြို့ကို တည်ဆောက်ကြသည်။ ထူထဲသော မြို့ရိုးကြီးများ ကာရံလျက် နန်းတွင်းသူ နန်းတွင်းသားတို့ နေထိုင်ရန် ရွှေရောင်ဝင်းသည့် ဘုံခုနှစ်ဆင့် ပြဿဒ် တင်၍ နန်းတော်ကို တည်ဆောက် လေသည်။ မန္ဈလေး နန်းတော်သည် မြန်မာ အမျိုးသားတို့၏ ဇာတိမာန် တက်ွ့ကရာ အာရုံ စူးစိုက်ရာ အဖြစ် တည်ရှိခဲ့သည်။ မန္ဈလေးကို တည်ဆောက်ပြီးနောက် နိုင်ငံရေး ကိစ္စနှင့် စီးပွားရေး ကိစ္စ မြားမြောင် နေသည့် ကြားမှပင် မင်းတုန်းမင်းသည် ဆည်မြောင်း ကန်ချောင်းတို့ကို ပြုပြင်သည်။ ဘုရား ပုထိုးများကိုလည်း လှည့်လည် ဖူးမျှော်၍ စေတီ တည်ခြင်း၊ မွမ်းမံခြင်း၊ ပြင်ဆင်ခြင်း စသည်တို့ကို ပြုလုပ်သည်။
ပုန်ကန် ထွ့ကလိုသော စော်ဘွားများ ကျေနပ်စေရန် စော်ဘွားတို့၏ သမီးတော်၊ နှစ်မတော်တို့နှင့် လက်ဆက်ခြင်း ပြုလေသည်။ ပညာကျော် ဝါရင့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်များ ကပ်လှူ၍ ပထမပြန် စာမေးပွဲများ ပြုလုပ်ပေးသည်။ ပဉ္စမ သင်္ဂါယနာကိုလည်း တင်ခဲ့သည်။ သင်္ဃာတော် အပါး နှစ်ထောင်ကျော်ကို နေပြည်တော်တွင် သီးတင်း သုံးစေ၍ ပိဋကတ်တော်များကို စီစစ် ရေးသား ပြုစု နေဆဲတွင် နေ့စဉ် မပြတ် ဆွမ်းကွမ်း လှူးဒါန်းသည်မှာ လပေါင်းများစွာ ကြာခဲ့လေသည်။ တည်းဖြတ်ပြီးသော ပိဋကတ်တော်များကို သင်္ဂါယနာတင် အထိမ်းအမှတ်ဖြင့် လည်းကောင်း၊ သာသနာ ငါးထောင် တည်ရန်ဟု ရည်စူး၍ လည်းကောင်း၊ ကျောက်ထက် အက္ခရာ တင်စေသည်။ မင်းတုန်းမင်းသည် ရန်ကုန်သို့ စေလွှတ်၍ ရွှေတိဂုံ စေတီတော်တွင် ယနေ့တိုင် ဖူးမျှော် နေရသည့် ရတနာ အမျက်ဖြင့် ချယ်လှယ်ထားသော ထီးတော်ကို တင်စေရာ၊ ဗြိတိသျှတို့က ခွင့်ပြုခဲ့သည်။ မင်းတုန်းမင်း လွန်စွာ ဂုဏ်ယူ မြတ်နိုး သော ဘွဲ့မည်ကား ပဉ္စမ သင်္ဂါယနာတင် မင်းတရားကြီး ဟူသော ဘွဲ့ ဖြစ်လေသည်။
နန်းလျာ ခန့်အပ်ရေး ပြဿနာ။
မြန်မာမင်းတို့ အစဉ်အလာ ပြုနေကျ ဖြစ်သည့် အတိုင်း နိုင်ငံရေး အားဖြင့် တိုင်းရင်းသား လူနည်းစုတို့နှင့် စည်းလုံးရေး အတွက် မင်းတို့၌ မိဖုရား မြောက်များစွာ ထားခဲ့ရာ၊ မဟာသွေး မဟာနွယ်တို့ များစွာ ပေါက်ဖွားခဲ့သည်။ သို့သော် သားတော်များစွာ ထွန်းကားခဲ့သည့် အတွက် ပြဿနာ တရပ် ပေါ်ထွက် လာရသည်။ ညီတော် နန်းလျာ အိမ်ရှေ့ ဥပရာဇာ ကနောင်မင်းသားကို သားတော် မြင်းခုံတိုင် မင်းသားက လုပ်ကြံပြီး သည့်နောက် နန်းလျာ ခန့်အပ်ရေးမှာ ပြဿနာ ဖြစ်၍ နေလေသည်။
မင်းတုန်းမင်းသည် သားတော်ကြီး တပါးပါးကို အတိအလင်း နန်းလျာအဖြစ် ကျေညာပါက ထိုနန်းလျာ သားတော်၏ အသက်ဘေးသည် စိုးရိမ်ဖွယ်ရာ ဖြစ်မည်ကို သိဟန် တူသည်။ သားတော် အများအပြားတွင် မင်းတုန်းမင်းကို သစ္စာ စောင့်သိ၍ အရည်အချင်း ပြည့်သော သားတော်ကြီးများ ရှိသည်။ နိုင်ငံတော် စက်ရုံများကို ကြည့်ကြပ်ရသော မက္ခရာ မင်းသားသည်၊ သို့မဟုတ် ညောင်ရမ်းမင်းသည်၊ အရည်အချင်း ပြည့်သော မင်းသား ဖြစ်လေသည်။ သို့ရာတွင် မင်းတုန်းမင်းသည် ကံကုန်မည့် နေ့တိုင်အောင် မည်သည့် သားတော်ကိုမျှ ရွေးချယ်လိုကြောင်း မပြခဲ့ချေ။
သီပေါမင်းသားကို နန်းတင်ရန် ကြံစည်ကြခြင်း။
နန်းလျာ ခန့်အပ်ရေး ပြဿနာကို မင်းတုန်းမင်း နတ်ရွာ စံခါနီးတွင် မင်းတုန်းမင်း၏ အလယ် နန်းမတော် မိဖုရားနှင့် ကင်းဝန် မင်းကြီးတို့က အဆုံးအဖြတ် ပေးလိုက်လေသည်။ ၎င်းတို့ ရွေးချယ်သော နန်းလျာသည် မိဖုရားငယ် တပါး၏ ဝါနုသေးသော သားတော် သီပေါမင်းသား ဖြစ်သည်။ သီပေါ မင်းသားသည် မိဖုရားကြီး၏ သမီးငယ် စုဖုရားလတ်နှင့် ချစ်ခင် ရည်ငံလျက် ရှိသဖြင့် မိဖုရားကြီးက သမီးတော်၏ ချစ်သူ နန်းတက်လျှင် သမီးတော်သည် မိဖုရားခေါင်ကြီး ဖြစ်၍ မိမိလည်း သြဇာ လွှမ်းမိုး ချယ်လှယ် နိုင်မည်ဟု ရည်ရွယ်သည်။
ကင်းဝန်မင်းကြီးမူကား ဥရောပတိုက်မှ ပြန်ရောက် လာပြီးသည့်နောက် မြန်မာနိုင်ငံတွင် စည်းမျဉ်း ဥပဒေအရ အုပ်ချုပ်သော ဘုရင် စနစ်ကို တည်ထောင်ရန် လိုလားခဲ့သည်။ ကင်းဝန် မင်းကြီးသည် ဤ မျှော်လင့်ချက်ကို မင်းတုန်းမင်း သက်တော် ထင်ရှား ရှိစဉ်က လျှောက်တင်ရန် ကြိုးစားခဲ့ရာ မင်းတုန်းမင်းကြီးက ကင်းဝန်မင်းကြီး လျှောက်တင်ပြချက်ကို အလိုမကျ မျက်မာန် ရှခဲ့ဟန် တူသည်။ ကင်းဝန်မင်းကြီးကို "ပြည့်ရှင် ဘုရင်အား လခစား အဖြစ် ခိုင်းစေ လိုသလော" ဟု မိန့်တော်မူ ခဲ့သည်။ ယခုတမူ မင်းတုန်းမင်းသည် သေငယ်ဇောနှင့် မျော၍ နေချေပြီ။ အင်အား ပြည့်စုံ၍ စိတ်ဓာတ် ရင့်သန်သော ဘုရင်သည် မိမိ၏ အကြံအစည် လိုလားချက်ကို လက်ခံမည် မဟုတ်ဟု ကင်းဝန်မင်းကြီး သိနားလည် လေသည်။ ထို့ကြောင့် ကင်းဝန်မင်းကြီးသည် သီပေါမင်းသားကို နန်းတင်ရန် အလယ် နန်းမတော် မိဖုရားနှင့် တကြိတ် တဉာဏ်တည်း အကြံအစည် ပြုကြလေသည်။ ဗြိတိသျှ ကိုယ်စားလှယ်တော်၏ အစီရင်ခံစာတွင် သီပေါမင်းသားကို စည်းမျဉ်း ဥပဒေ အရ စိုးစံသော မင်း အဖြစ်ဖြင့် မြန်မာ နန်းပလ္လင်တွင် တင်မြှောက်မည် ဟူသော ကတိကြောင့် ကင်းဝန်မင်းကြီး၏ ထောက်ခံချက်ကို ရဟန်တူသည်ဟု ရေးသားထားသည်။
အစဉ်အလာ ရှိသည်မှာ မှူးကြီး မတ်ကြီးများသည် မည်သည့် မင်းသားကို နန်းလျာ တင်လိုကြောင်း ရွေးချယ်စေသည်။ မှူးမတ် အပေါင်းတို့ စုရုံး၍ မင်းသားတို့ အမည် စာရင်းကို ကြည့်ရှုနေဆဲ ကင်းဝန်မင်းကြီးသည် နန်းရင်ပြင်သို့ ထွက်လာကာ သီပေါမင်းသား၏ အမည်ဘေးတွင် ကြက်ခြေ ခတ်လိုက်လေသည်။ ချက်ခြင်းပင် သီပေါမင်းသားကို နန်းတင်ရန် သဘောတူကြောင်း မှူးကြီး မတ်ကြီးတို့က တင်လျှောက် ကြလေသည်။ ထို့နောက် အခြား မင်းသားများကို ခမည်းတော်အား နောက်ဆုံး အကြိမ် ဖူးမျှော်ရန် မင်းမိန့်ဖြင့် ဆင့်ခေါ် လေသည်။ ရောက်လာသော မင်းသား အားလုံးကို အလယ် နန်းမတော်၏ အမိန့်ဖြင့် ဖမ်းဆီး ချုပ်နှောင်ခြင်း ပြုလေသည်။ ကင်းဝန်မင်းကြီးက ခတ်မဆိတ်နေ၍ လစ်လျူ ရှုခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး နတ်ရွာ စံလွန်သော အခါ မင်းညီ မင်းသားပေါင်း များစွာ ပျက်စီးကြသည်။ အချို့လည်း နိုင်ငံခြားသို့ ထွက်ပြေးကြသည်။ အချို့လည်း ထောင်သွင်း အကျဉ်းချ ထားခြင်း ခံကြရသည်။ ထိုကြောင့် သီပေါမင်းသည် မြန်မာ့ နန်းပလ္လင်တွင် ပြိုင်ဘက်မရှိ စိုးစံ ရလေတော့သည်။
ဒေါက်တာကျော်သက်
ရဲရင့်ငယ် ဘလော့ဂ်မှ
ထပ်ဆင့်တင်ပြပါသည်
16-4-09
Wednesday, April 15, 2009
ချစ်သူ
တိတ်ဆိတ်သော ရပ်ကွက်ကလေးတွင် သပ်ရပ်စွာ ဆောက်ထားသော တစ်ထပ်တိုက်ပုလေး တစ်လုံးရှိသည်။ ထိုခြံဘေး ခြံချင်းကပ်ဆောက်ထားသော သုံးထပ်တိုက်ကြီး တစ်လုံးရှိသည်။ တစ်ထပ် တိုက်ပုလေးတွင် အေးချမ်း တိတ်ဆိတ်၍ ရှေးရိုးဆန်သော ဆန်စက်များ ပိုင်ရှင် သူဌေးမိသားစုနေသည်။ အပျံစားဆောက်ထားသော သုံးထပ်တိုက်ကြီးတွင် ခေတ်ဆန်သော ပွဲစားကြီးမိသားစု နေလေသည်။
ထိုဆန့်ကျင်ဘက် မိသားစု နှစ်စုသည် အလွန် ရင်းနှီး ချစ်ခင်သော စီးပွားဘက်များ ဖြစ်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် တနေ့တွင် သူဌေးကတော် နှင့် ပွဲစားကတော်တွင် ကိုယ်လေး လက်ဝန်ရှိကြောင်း စမ်းသပ်တွေ့ရှိလာသည်။ သူဌေးကတော်၏ သားလေးသည် ပွဲစားကတော်၏ သမီးလေးထက် ၂ လခန့် ကြီးမည်ဖြစ်သည်။ ဒီလိုနှင့် ထိုကိုယ်ဝန်ဆောင် မိခင် နှစ်ဦးသည် တစ်ဦးကို တစ်ဦး ဖေးမရင်း၊ အဖေလောင်း နှစ်ယောက်ကလဲ သား၊ သမီးရှေ့ရေး အတွက် တိုင်ပင်ရင်း နေ့ရက်များကို တရွေ့ရွေ့ဖြတ်ကျော်လာကြသည်။
ထို့နှင့် သူဌေးကတော်သည် လရောင် ဆိုသော သားကလေး ကို မွေးဖွားပြီး ၂ လခန့်ကြာသောအခါ ပွဲစားကတော်သည် နေခြည် ဟု အမည်တွင်သော သမီးလေးကို ဖွားမြင် ကြလေသည်။ ကြည်နူးမှုအပြည့်ဖြင့် ထိုမိသားစုသည် တဦးကလေးကို ကျန်တစ်ဦးက ကူညီထိန်သိမ်းပေးရင်း ရင်းနှီးသည်ထက် ရင်းနှီးလာကြသည်။ ထို့အတူ ကလေးလေး နှစ်ယောက်မှာလဲ နှစ်အိမ့်တစ်အိမ် လူးလာကူးကာ ကြီးပြင်းလာကြသည်။
ဤတွင် ရိုးသားပြီး ရှေးရိုးဆန်သော သူဌေးမိသားစုသည် သားဖြစ်သူကို လိမ္မာရေးခြား ရှိစေရန် အထူးသင်ကြား သည်။ လိမ္မာသော သားတို့၏ ထုံးစံအတိုင်း သားလေးသည် အိမ်တွင်းပုန်းပြီး နူးညံ့သိမ်မွေ့သည်။ စကားပြောလျှင် တိုးတိတ် ညင်သာပြီး သည်းခံတတ်သည်။ မိခင်၏ အိမ်မှုကိစ္စများကို ၀ိုင်းဝန်းကူညီလုပ်ကိုင်ရင်း အိမ်မှုကိစ္စများ ကိုပါ ကျွမ်းကျင်လာသည်။ ဖခင်၏ သင်ကြားမှုကြောင့် ဆန်စက်လုပ်ငန်းကို နားလည်လာသော်လဲ ထိုသားလေး သည် ဆိတ်ဆိတ် နေတတ်၍ နူးညံ့သိမ်မွေ့သော မေ့မေ့စိတ်ကြိုက် ကောင်ကလေး ဖြစ်လာသည်။
ခေတ်ဆန်သော ပွဲစားမိသားစု၏ သမီးငယ်လေးကမူ ထိုကောင်ကလေးနှင့် ဆန့်ကျင်ဖက် ကြီးပြင်းလာသည်။ ပွဲစားဇနီးမောင်နှံ သည် သမီးငယ်လေးကို အရာရာတွင် သတ္တိရှိရန် အထူးသင်ကြားသည်။ ကိုယ်မှန်လျှင် မည်သူကိုမှ ဂရုစိုက်ရန် မလိုကြောင်း ပြောသည်။ စီးပွားရေး၊ ပညာရေး ဘက်စုံတော်အောင် သင်ပေးသည်။ ဤသို့ဖြင့် ထိုသမီးငယ်လေး သည် မာနကြီးသော၊ ဆတ်ဆတ်ထိမခံသော၊ အသည်းမာသော ကောင်မလေးအဖြစ် ကြီးပြင်းလာသည်။
ဒီဆန့်ကျင်ဖက် ကလေး နှစ်ယောက်သည် အတူတကွ ကြီးပြင်းလာကြသည်။ တစ်ဦးတည်းသော သူဌေးသားနှင့် ပွဲစားသမီးသည် တစ်ယောက်ကို တစ်ယောက် သံယောဇဉ်ကြီးစွာ ချစ်ခင်ကြသည်။ တစ်ဦးကို တစ်ဦး ဖေးမကူညီ ကြသည်။ သူတပါးက ရန်စလာလျှင် ဆိတ်ဆိတ်နေပြီး သည်းခံတတ်သော ကောင်ကလေးအစား ဆတ်ဆတ်ကြဲ ကောင်မလေးက ရန်ဖြစ်ပေးသည်။ ထစ်ခနဲဆို စိတ်တိုတတ်သော ကောင်မလေးကို နူးညံ့သော ကောင်ကလေးက ချစ်စဖွယ် ပုံပြင်များ ပြောပြတတ်သည်။
သူတို့ နှစ်ယောက်သည် သူတို့ခြံနောက်ဖေးရှိ စမ်းချောင်းလေးတွင် အချိန်ရတိုင်း သွားထိုင်ပြီး ပုံတွေ ပြောကြသည်။ ကစားကြသည်။ တခါတရံတော့လဲ ရန်ဖြစ်တတ်သည်။ရန်ဖြစ်တိုင်း နူးညံ့သော ကောင်ကလေးက ဆိတ်ဆိတ်နေတတ်ပြီး ဆတ်ဆတ်ကြဲမလေးက ရန်ပွဲကို ဦးဆောင် သည်ချည်း ဖြစ်သည်။ ပြီးလျှင် စိတ်ကောက်ကြပြီဆိုလျှင် အသည်းမာသော ကောင်မလေးသည် ၂ ရက်၊ ၃ ရက် လောက် အိမ်ထဲမှ အိမ်ပြင် မထွက်တော့ချေ။ ဤသို့ဆိုလျှင် ကောင်ကလေးသည် နေမသိ ထိုင်မသာ ဖြစ်လာ သည်။ အလွန် ၀မ်းနည်းလွန်း၍ ချောင်လေးတွင် ကြိတ်ငိုနေတတ်သည်။ ကောင်မလေး အိမ်သို့လဲ အမြဲ မျှော်နေ တတ်သည်။ သို့သော် ကောင်မလေးကိုတော့ သွားမချော့ရဲပေ။ ကောင်မလေးသည် ၃ ရက်ကြာ၍ ကောင်ကလေး လာမချော့သောအခါ စိတ်လျှော့ပြီး နေရာဟောင်းလေးသို့ ပြန်လာတတ်သည်။ ဤသို့ဆိုလျှင် ကောင်ကလေး သည်လဲ တိုးတိတ်ညင်သာစွာ ထိုနေရာလေးသို့ ရောက်လာလေသည်။ နောက်တော့ သူတို့သည် ယခင်က အတိုင်း ပျော်ရွှင်စွာ ပြန်ဆော့ကစားကြသည်။
ဒီလိုနှင့် နေ့တွေက လပြောင်း၊ လတွေက နှစ်ပြောင်းလာပြီး ကောင်လေးနှင့် ကောင်မလေးသည် ကလေးသူငယ်မှ အပျို၊ လူပျိုများ ဖြစ်လာသည်။ အရွယ်နှင့်အတူ စိတ်များသည်လဲ ပြောင်းသွားကြသည်။ ငယ်ငယ်က ဖြူဖြူစင်စင် ချစ်စိတ်သည် ပူပူလောင်လောင် ချစ်စိတ်အဖြစ် အရောင်ပြောင်းသွားကြသည်။ ကောင်လေးသည် ကောင်မလေး ကို အသည်း နင့်အောင် ချစ်သည်။ သို့သော် သူ့အချစ်မှာ အုံ့ပုန်းအချစ်ဖြစ်သည်။ သူပျော်နေတာကို မြင်နေရရင် ပြီးသားပါပဲ ဆိုသော အချစ်မျိုးဖြစ်သည်။ နဂိုကတည်းက ဆိတ်ဆိတ်နေတတ်သော ကောင်လေးသည် သူ့အချစ် ကို တပါးသူသိသွားမှာ အလွန်ကိုစိုးရိမ်ပြီး အလွန် လျို့ဝှက်လေသည်။ ထို့ကြောင့် သူမှလွဲ၍ သူ့အချစ်ကို မည်သူမှ မသိရှိပေ။
ကောင်မလေးသည် သူ့အပေါ် အလွန် အနစ်နာခံ၊ သည်းခံသော ကောင်လေးကို ချစ်သည်။ အကို တယောက်လို ချစ်သလို ချစ်သူ ရည်းစား အဖြစ်လဲ ချစ်ချင်သည်။ ကောင်လေးသည် သူကို အသက်ထက် ချစ်မှန်း ကိုလဲ ကောင်မလေးက ခံစားသိရှိသည်။ သို့သော် ကောင်လေးသည် ချစ်ရိပ်ယောင်ကို မြူမှုန်တောင်မှ မပြသော ကြောင့် ကောင်မလေးမှာ နားမလည်နိုင်ဖြစ်နေသည်။
ကောင်မလေးသည် မိန်းမမာယာ အမျိုးမျိုးကို သုံးကာ ကောင်လေးကို စမ်းသပ်သည်။ စိတ်ကောက်ပြသည်။ တခြား ကောင်လေးများနှင့် တွဲပြသည်။ ကောင်လေး အပေါ် အထူး အရေးပေးသည်။ သို့သော် ဆိတ်ဆိတ်နေတတ်သော ကောင်လေးကတော့ တုံနိဘာဝေ။ ကြာလာတော့ ကောင်မလေးသည် မခံချိ မခံသာ ဖြစ်လာသည်။ သူ့ကို ကောင်ကလေးက တကယ်မချစ်ဟု ထင်မှတ်လာသည်။
နဂိုကတည်းက မာနကြီးသော၊ အသည်းမာသော ကောင်မလေးသည် ကောင်လေးကို ချစ်ရာမှ စတင် မုန်းတီးလာ သည်။ စကားလဲ မပြောတော့၊ အရောတ၀င်လဲ မလုပ်တော့ပေ။ ကောင်လေးကတော့ အခန်းထောင့် ချောင်လေးတွင် တိတ်ဆိတ်စွာ ငိုကြွေးနေရုံမှ အပ ခံစားချက်ကို မြိုသိပ်ထားသည်။ ဒီလိုနှင့် သူတို့တွေ လောကကြီးထဲသို့ ပျံသန်းနိုင်သော အရွယ်ကို ရောက်ရှိလာသည်။
အသည်းမာသော ကောင်မလေးသည် အမိမြေ နှင့် ဝေးရာသို့ ထွက်ခွာရန် အကြောင်းပေါ်လာသည်။ အသည်း မာသော်လည်း ချစ်လက်စ မကုန်သေးသော ကောင်မလေးသည် ကြိတ်မှိတ်တတ်သော ကောင်ကလေးအား သွားရောက် နောက်ဆုံး အဖြစ် သွားရောက်နှုတ်ဆက်လေသည်။ တကြိမ်တခါမှ မငိုကြွေးဖူးသော အသည်းမာမလေးသည် ကောင်ကလေးကို နှုတ်ဆက်စကားပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျလေသည်။ သူ့စိတ်ထဲတွင်လဲ အကယ်၍သာ ကောင်ကလေးက ချစ်စကားပြောကြားခဲ့လျှင် ဒီခရီးကို ဖျက်ပစ်မည်းဟု တွေးထားလေသည်။ သို့သော် ငိုကြွေးနေသော ကောင်မလေးကို ကောင်လေးသည် တပြည်ရပ်ခြားတွင် ကြိုးစားဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့၊ ဘုရား တရား မမေ့ဖို့ မှာကြားပြီး ကောင်မလေးကို အိမ်အထိ လိုက်ပို့လေသည်။
နောက် ကိစ္စ တစ်ခုရှိ၍ လေယာဉ်ကွင်းသို့ လိုက်မပို့နိုင် ကြောင်း၊ စိတ်မဆိုးရန် တောင်းပန်လေသည်။ အချစ်ကြီးပြီး အမုန်းကြီးသော ကောင်မလေးသည် လိုက်ပို့ရန် မလိုကြောင်း၊ သူကိုလဲ နောက်ထပ်တွေ့ဖို့ မျှော်လင့်ရန် မလိုကြောင်း ပြောကြားပြီး အိမ်ထဲသို့ ၀င်သွားလေသည်။
နောက်တနေ့တွင် အသည်းမာသော ကောင်မလေးသည် မျက်ရည်တစက် မကျဘဲ လေယာဉ်ပေါ်ကို တက်သွားပြီး ကောင်ကလေးသည် အိမ်ခန်းလေးထဲတွင် အသည်းအသန် ဖျားနေလေသည်။ နူးညံ့သိမ်မွေ့ပြီး ဆိတ်ဆိတ်နေ တတ်သော ကောင်ကလေးသည် နလန်ပြန်မထူလာတော့ဘဲ နောက် တစ်လခန့်အကြာတွင် ဆုံးသွားလေသည်။
တနယ်ရပ်ခြားရောက်နေသော ကောင်မလေးသည် ကောင်လေးကို မုန်းနေသော်လည်း ရင်ထဲတွင် မေ့မရနိုင်ပေ။ တနေ့ထက် တနေ့ လွမ်းဆွတ် သတိရမိနေလေသည်။ ထို့ကြောင့် ရောက်ပြီး မကြာမီမှာပင် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ လက်ဆောင်တွေ၊ အချစ်မေတ္တာတွေ တပွေ့တပိုက်နှင့် ကောင်မလေးသည် ကောင်လေးကို အပြေးလေး လာရှာသည်။ သို့သော် သူ့ကို ကောင်လေး၏ အုတ်ဂူ ဖြူဖြူလေးက ဆီးကြိုပြုံးပြလေသည်။ကောင်မလေးသည် ထိုနေရာ၌ပင် ပုံလျက်လဲကျသွားသည်။
နောက်တော့ နူးညံ့သိမ်မွေ့၍ ဆိတ်ဆိတ်နေ တတ်သော ချစ်သူကောင်လေးဘေးတွင် နှလုံးကွဲပျက်ကာ သေဆုံးသွားသော အသည်းမာသော ကောင်မလေး၏ အုတ်ဂူလေးကို ယှဉ်တွဲကာတွေ့ရလေတော့သည်။
ရေခဲရေ
သင်္ကြန် နဲ့ သိကြားမင်း ပြဿနာ။
သင်္ကြန် နဲ့ သိကြားမင်း ပြဿနာ။
သင်္ကြန် ဆိုတာ သင်္ကန္တ ဆိုတဲ့ ပါဠိစကား ၊ ရွတ်ဆိုတဲ့အခါမှာတော့ သက္ကတ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းဖြစ်ပါတယ်။
ဒီတော့ ဘာကူးပြောင်းတာလဲလို့ ဇာတ်လမ်းရှာရင် (၂) မျိုးရှိတယ်။ တစ်ခုက ဟိန္ဒူ ကနေလာတယ်။ နောက်တစ်ခုက နေနဲ့ ကမ္ဘာလည်ပတ်ရာကနေလာတယ်။
(၁) ဟိန္ဒူ ကနေလာသော ရာဇ၀င် ။
သိကြားနဲ့ ဗြဟ္မာကြီး ( Arsi ) အငြင်းပွားပြဿနာတက်ရာကနေ သိကြားကနိုင်လို့ ဗြဟ္မာကြီးရဲ့ ဦးခေါင်းကိုရတယ်။ ဗြဟ္မာကြီးက တန်ခိုးကြီးလွန်တာမို့ ဒီခေါင်းကြီးကို ပင်လယ်ထဲကို ပစ်ချရင် ရေခန်းကုန်မယ်။ မြေကြီးဆီမှာ ထားရင် မီးလောင်ပျက်ဆီးကြမယ်။လေထဲကို ပစ်ရင်တောင် သတ္တ၀ါအားလုံး မီးလောင်ကြရမှာမို့ သိကြားမင်းက ဘယ်မှာမှ မထားရဲပဲနဲ့ သူ့လက်ထဲမှာပဲ ကိုင်ထားရတယ်။ နောက်တော့ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်ကို နတ်တစ်ယောက်က ဒီခေါင်းကြီးကို ထိန်းသိမ်းထားရမယ်လို့ ဆိုတယ်။ ဒီခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦး လွှဲမယ့် အချိန်အတိအကျကို ပုဏ္ဏားတွေက တွက်ကြတယ်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်တယ်။
ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးတယ်လို့ ဆိုပါတယ်။ ( ရေးပြီးရင် သူက ဘာလုပ်မှာလဲ . အကိုတို့ရဲ့ ဘ၀အကူးအပြောင်းတွေမှာ သူဘာမှ လုပ်လို့မရဘူး ဆိုတာ ညီလေး သိပြီးဖြစ်မယ်။ သေခါနီးစိတ်၊ ခန္ဓာ(၅)ပါး ချုပ်ပုံ ၊ ကုသိုလ်၊အကုသိုလ် သဘော နဲ့ ငရဲ ၊ယမမင်းအကြောင်းတွေပါ အကို ရေးပေးပြီးဖြစ်လို့ ဒို့တွေရဲ့ ဘ၀အကူးအပြောင်းတွေမှာ သိကြားမင်း ဘာမှ အရေးမပါဘူး ၊ကိုယ့်ကံနဲ့ ကိုယ်ပဲ သွားကြ ၊ကျင်လည်ကြရမယ်ဆိုတာ သတိရပါ ။ ( ဒါကို ကျမ်းကိုးအနေနဲ့ အဘိဏှသုတ် ဘုရားဟောရှိတယ်။)
ဒီအပြင်ဘုရားရှင်လက်ထက်မှာတောင် နတ်တွေ နဲ့ သိကြားမင်းတို့က ဘုရားဆီမှာ တရားနာချင်ရင်တောင် ညသန်းခေါင်ကျော်မှ ဆင်းလာရတယ်တဲ့ ။လူတွေအိပ်မှ လာရတယ်။ မင်္ဂလသုတ်၊သက္ကပညာသုတ၊အာနာပါန သုတ်တွေ ညဟောတွေချည်းပဲ။ လူတွေရဲ့ ၀မ်းခေါင်းထဲက အစာဟောင်းအနဲ့ကို မခံနိုင်ဘူး လို့ ဗုဒ္ဓကျမ်းစာတွေမှာ ပါပါတယ်။ ဒီတော့ သင်္ကြန်အကျအခါမှ အနံ့ခံနိုင်ရင်တော့ မသိဘူး။
ထားပါတော့ ။ ဒီအတိုင်းဆိုရင် ဇာတ်လမ်းမှာ သိကြားဆင်းတယ်။ ဒါပေမယ့် ရေလောင်းတာ မပါသေးဘူး။
နောက်တော့ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုတဲ့သဘောနဲ့ ရေပက်ကစားကြတယ် ဆိုတာကို ဆက်လိုက်ကြတော့ သင်္ကြန်ဆိုတဲ့ စကား ၊သိကြား နဲ့ ရေပက် တာတွေ ကွက်တိဖြစ်ကုန်တယ်။ ဒီမှာမှ သိကြားက သင်္ကြန်အကျမှာ လူ့ပြည်ကိုလာတယ် ၊ သင်္ကြန်အတက်မှာ ပြန်တယ် ။ သင်္ကြန်အကြတ်မှာတော့ သူဘယ်မှာ တည်းခိုတယ်။နားတယ် ၊ကစားတယ် မပါပါဘူး။ ဘာကိုင်လာတယ်၊ညာကိုင်လာတယ် ..ဆိုတာတွေကလဲ ရှိသေးတယ်။ ဒါက ဇာတ်လမ်းတစ်ခုပေါ့ ။
(၂) နေနဲ့ ကမ္ဘာလည်ပတ်ရာကနေလာသော ရာဇ၀င် ။
ဒ်ီတစ်ခုကတော့ ဗုဒ္ဓ၀င်ကျမ်းတွေနဲ့ ဗေဒင်ပညာတွေနဲ့ ဆက်စပ်တယ်။ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်တယ်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်းစတယ်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူးသေးဘူး။ နောက် ထပ် (၂)ရက်၊(၄)နာရီ၊(၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ ကျရောက်လာတယ်။
သဘာဝကျတာတစ်ခုက တန်ခူး ဆိုတာကိုက တာကူးဆိုတာကနေ ဖြစ်လာတယ်။ တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီသို့ ကူးတာကို ရည်ရွယ်ပြီး ရှေးမြန်မာပညာရှိတွေ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တန်ခူး လို့ နောက်ခေါ်လာကြတော့ အနက်ကတော့ ပြောင်းသွားတယ်။ တန် (၀ါ)တန်းက ထန်း လို့ အဓိပ္ပါယ်ရတယ်။ ခူးက ဆွတ်ခူးတယ်။ ဒီတော့ ထန်းသီးခူးတဲ့ လလို့ ဖြစ်နေတယ် ။ တာကူးကနေ ပြောင်းလာတယ်ဆိုတာပဲ မှတ်ထားတာကောင်းမယ်။
ဗုဒ္ဓဘာသာကျမ်းများမှာ ဒီကာလ အခါမှာ ဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ဖြစ်လာမယ့် ဒေ၀ဒဟပြည်က မင်းသားမင်းသမီးတွေ ရေကစားကြတယ်။ ဒေ၀ ဆိုတာ နတ်လို့ ပဲ ဘာသာပြန်လို့ မရဘူး ။ မင်းသား၊မင်းသမီးလို့လဲ အဓိပ္ပါယ်ရှိသေးတယ်လို့ သီတဂူဆရာတော်ဟောပါတယ်။ အခုရက်ပိုင်းသတင်းစာတွေမှာ ဒေ၀ဒဟ = နတ်ရေကန် လို့ ရေးကြတာတွေ့လိမ့်မယ်။ ( နတ် ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ် အကျယ်တွေကို အကို (၃၇) မင်းအကြောင်းတစ်စိတ်တစ်အိတ် ခေါင်းစဉ်မှာ ကျယ်ကျယ်ဝင့်ဝင့်ရေးပေးပြီးဖြစ်လို့ ညီလေးလဲ ဖတ်ပြီးလောက်ပြီ။ ) ဒီတော့ ဒေ၀ဒဟ =မင်းသား၊မင်းသမီးများရေကစားသော ရေကန် လို့ ပြန်ရင်ပိုကောင်းပါမယ်။ သမိုင်းနဲ့လဲ ကိုက်ညီပါတယ်။ ဒုတိယ ဇာတ်လမ်းမှာ ပူပြင်းသော မိန်မှ မိဿအပြောင်း ၊ရှေးဘုရားရှင်မတိုင်မီကတည်းက ဒီရာသီမှာ ရေကစားကြတယ်။ ဒီတော့ ဗုဒ္ဓဘာသာမြန်မာတွေလဲ ဒီရာသီမှာ ရေကစားကြတယ် လို့ ပြောရင်ရပါမယ်။ ဒီဇာတ်လမ်းမှာတော့ ဆရာသိကြား မပါတော့ပါဘူး။ ဗုဒ္ဓ၀င်နဲ့ ဗေဒင်ကို အစဉ်အလာနဲ့ ညှိပြီးကစားကြတယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ ယဉ်ကျေးမှုခြင်းတူနေတဲ့ ထိုင်း ၊လာအို ၊ ကမ္ဘောဒီယားတွေမှာတော့ ဘယ်လို အစဉ်အလာရှိမယ် မသိဘူး။ အင်တာနက်မှာ ဖတ်ကြည့်ပေါ့ ။ အကိုသိတာကတော့ ထိုင်းမှာ ( Songkran ) ကမ္ဘောဒီယားမှာ (Chaul Chnam Thmey ), လာအို(စ်) မှာ ( Pimai ) လို့ ခေါ်ကြတယ်။ နှစ်ဟောင်းက အကုသိုလ်ကို ရေနဲ့ ဆေးတာ၊အေးချမ်းစေတာ ၊ နှစ်သစ်ကို ကြိုဆိုတာ ဆိုတာတွေကတော့ အတူတူပါပဲ ။
အကို ရေးပေးတဲ့ ဖြစ်စဉ်နှစ်ခုကနေ ကြိုက်တာကို လက်ခံလို့ရပါတယ်။ အကိုကတော့ ဖြစ်စဉ် (၂) ကို ပို လက်ခံပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာပြက္ခဒိန် အရ တစ်နှစ်အသက်ပိုကြီးသွားပြီ ။ နှစ်ဟောင်းမှာ လောကီ၊လောကုတ် ကုသိုလ် ၊ ပညာ၊ ဥစ္စာ ၊ ဗဟုသုတ ၊ကော်းမွန်သောခံယူချက်၊ မှန်ကန်သော အမြင် ဘာတွေ စုမိလိုက်လဲ ။ မစုမိသေးရင်တော့ (၀ါ)နည်းနည်းပဲ စုမိရင်တော့ နှစ်သစ်မှာ ပိုရအောင် ကြိုးစားနိုင်ကြပါစေ ။
Type the rest of your post here.